သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခတ္တမန္ဓူမြို့ ဒီမိုကရေစီညီလာခံမှာ ဒေါ်စု မိန့်ခွန်းပြော


မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နီပေါဝန်ကြီးချုပ် Sushil Koirala (ဂျွန် ၁၄၊ ၂၀၁၄)
မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နီပေါဝန်ကြီးချုပ် Sushil Koirala (ဂျွန် ၁၄၊ ၂၀၁၄)
နီပေါလ်နိုင်ငံမှာရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ Katmandu မြို့တော်မှာကျင်းပထဲ့ ဒီမိုကရေစီညီလာခံမှာ စနေနေ့က မိန့်ခွန်းပြောကြားပါတယ်။

မြန်မာနိုင်ငံရဲ့ စစ်တပ်ကို တကယ်ကို ပီပြင်တဲ့ စစ်တပ်ဖြစ်စေချင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ စစ်မှန်တဲ့ ဆိုရှယ်ဒီမိုကရေစီနိုင်ငံတခု ဖြစ်လာဖို့ ဆိုရင် တပ်မတော်ကို ပီပြင်တဲ့ တပ်မတော်ဖြစ်အောင် မဖြစ်မနေလုပ်ဖို့လိုအပ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြားသွားတာပါ၊

သောကြာနေ့ကတည်းက နီပေါလ်နိုင်ငံမှာ ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စနေနေ့အစောပိုင်းကလည်း နီပေါလ်သမ္မတ Ram Baran Yadav နဲ့ တွေ့ဆုံခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာတော့ သူဟာ ဗုဒ္ဓမြတ်စွာဘုရားဖွားမြင်ရာလို့ယုံကြည်ကြတဲ့ နီပေါလ်နိုင်ငံတောင်ပိုင်းက လုံဗနီကို သွားရောက်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG