သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလားပွဲ ဆွစ်ဇာလန်၊ ပြင်သစ်နဲ့ အာဂျင်တီးနားအနိုင်ရ


ဘောလုံးလုနေကြတဲ့ ဆွစ်ဇာလန်အသင်းသား Steve von Bergen နဲ့ အီကွေဒေါက Felipe Caicedo (ယာ) (ဂျွန် ၁၅၊ ၂၀၄)
ဘောလုံးလုနေကြတဲ့ ဆွစ်ဇာလန်အသင်းသား Steve von Bergen နဲ့ အီကွေဒေါက Felipe Caicedo (ယာ) (ဂျွန် ၁၅၊ ၂၀၄)
ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်တွေရဲ့ အုပ်စုပတ်လည်ပွဲတွေကို တနင်္ဂနွေနေ့မှာ ဆက်လက် ပြုလုပ်ရာမှာ အစောပိုင်းက အုပ်စု E ပွဲစဉ် ၂ ခုနဲ့ အခု အသံလွှင့်နေစဉ် ကစားနေကြတဲ့ အုပ်စု F က Argentina နဲ့ Bosnia – Herzegovina တို့ ပွဲစဉ်တွေ ပါဝင်ပါတယ်။

ပထမပိုင်းကစားသွားတဲ့ အုပ်စု E ပွဲစဉ် ၂ ခုမှာတော့ ဆွစ်ဇာလန်အသင်းက အီကွေဒါနိုင်ငံအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရသွားပါတယ်။ အုပ်စု E ဒုတိယပွဲစဉ်ဖြစ်တဲ့ ပြင်သစ်နဲ့ ဟွန်ဒူရပ်စ်ပွဲစဉ်မှာတော့ ပြင်သစ်က ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

အာဂျင်တီးနားနဲ့ Bosnia ပွဲစဉ်မှာတော့ ပွဲစပြီး မကြာခင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား အာဂျင်တီးနား တိုက်စစ်မှူး Lionel Messi ကန်တင်လိုက်တဲ့ ပြစ်ဒဏ်ဘောဟာ ဘော့စနီးယားနောက်တန်းလူနဲ့ ထိပြီး ဂိုးသွားခဲ့ရာက အာဂျင်တီးနားက ပထမပိုင်း ပြီးတဲ့အချိန်ထိ ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ပွဲစဉ်တလျှောက် ၂ သင်းစလုံး တဖက်နဲ့တဖက် အပြိုင်အဆိုင် ထိုးစစ်ဆင်ကစားခဲ့ကြပေမယ့် အများစုက ချံပီယံဖြစ်နိုင်ခြေရှိတယ်လို့ ခန့်မှန်းထားတဲ့ အသင်းတွေထဲ ပါဝင်တဲ့ အာဂျင်တီးနားအသင်းအနေနဲ့ နောက်ထပ် ဂိုးသွင်းခွင့်ရအောင် မဖန်တီးနိုင်ဘဲ ဖြစ်နေခဲ့ရာကနေ တိုက်စစ်မှူး မက်စီက နောက်ထပ် တစ်ဂိုး ထပ်သွင်းလိုက်တဲ့အတွက် ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။ နောက်ပိုင်းမှာ ဘော့စနီးယားက ချေပဂိုး ၁ ဂိုး ပြန်လည်သွင်းလိုက်နိုင်တဲ့အတွက် အာဂျင်တီးနားက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
XS
SM
MD
LG