သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံ့အရှေ့ပိုင်းပြဿနာ ယူကရိန်းသမ္မတ ရုရှားနဲ့ဆွေးနွေးလို


ယူကရိန်းသမ္မတ Petro Poroshenko
ယူကရိန်းသမ္မတ Petro Poroshenko
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသမှာ လအတော်ကြာဖြစ်နေခဲ့တဲ့ ပဋိပက္ခကို ဖြေရှင်းရေး ငြိမ်းချမ်းရေး အစီအစဉ်တခုရဲ့ တစိတ်တပိုင်းအဖြစ် တဘက်သတ် အပစ်အခတ်ရပ်စဲရေး လုပ်မယ်လို့ ယူကရိန်းသမ္မတ Petro Poroshenko က အဆိုပြုလိုက်ပါတယ်။

အပစ်အခတ် ရပ်စဲရေးကနေ သီးခြားခွဲထွက်ရေးဝါဒီ လက်နက်ကိုင်တွေရဲ့ လက်နက်တွေကို ဖြုတ်သိမ်းဖို့ အခွင့်အလန်းရစေပြီး နိုင်ငံတွင်းက ထွက်သွားချင်သူတွေ ထွက်သွားဖို့ အခွင့်အရေးရမယ်လို့ မစ္စတာ Poroshenko က ပြောတာကို ရုရှားသတင်းဌာနတွေက ကိုးကား ဖော်ပြကြပါတယ်။

အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်ခြေနဲ့ ပတ်သက်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တယ်လီဖုန်းကနေတဆင့် ဆက်သွယ်ပြောဆိုခဲ့ပြီးတဲ့ နောက်တရက်မှာ ယူကရိန်းသမ္မတရဲ့ အခုမှတ်ချက် ထွက်လာတာပါ။

သူတို့နှစ်ဦးအကြား အခု ဆက်သွယ်ပြောဆိုမှုဟာ ယူကရိန်းနိုင်ငံ Crimea ကျွန်းဆွယ်ဒေသကို ပြီးခဲ့တဲ့မတ်လမှာ ရုရှားနိုင်ငံထဲ သွတ်သွင်းခဲ့ပြီးကတည်းကဆိုရင် ဒုတိယအကြိမ်မြောက် တိုက်ရိုက် ဆက်သွယ်ပြောဆိုမှုပဲဖြစ်ပါတယ်။

အဲဒီအချိန်ကတည်းကဆိုလို့ ရုရှားလိုလားတဲ့ သီးခြားခွဲထွက်ရေးဝါဒီတွေက ယူကရိန်းအရှေ့ပိုင်းမှာ ပုန်ကန်ထကြွခဲ့တာဖြစ်သလို သဘာဝဓာတ်ငွေ့ဖိုး အကြွေးမပေးလို့ဆိုပြီး ရုရှားက ယူကရိန်းဆီပို့မယ့် သဘာဝဓာတ်ငွေ့ကို ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG