သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ထိပ်တန်းခေါင်းဆောင်တဦး အကျင့်ပျက်ချစားမှုနဲ့ စစ်ဆေးခံရ


တရုတ်နိုင်ငံရဲ့ အဆင့်မြင့်ခေါင်းဆောင်တဦးအဖြစ် ၂၀၁၂ ခုနှစ်အထိ တာဝန်ယူခဲ့သူ အငြိမ်းစား ဝါရင့် နိုင်ငံရေးသမား Zhou Yongkang ကို အဂတိလိုက်စားမှုနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ တရုတ်အစိုးရက ကြေညာလိုက်ပါတယ်။

လပေါင်းများစွာ ခန့်မှန်းပြောဆိုချက်တွေ ထွက်ပေါ်လာခဲ့ပြီးနောက် အခု တရုတ်အစိုးရရဲ့ တရားဝင် ပြောကြားချက် ထွက်လာတာဖြစ်ပါတယ်။ လုံခြုံရေး အကြီးအကဲဟောင်းနဲ့ ကွန်မြူနစ်ပါတီ ဦးဆောင်ကော်မတီရဲ့ အာဏာအရှိဆုံး ပေါ်လစ်ဗျူရို အဖွဲ့ဝင်ဟောင်း တဦးဖြစ်သူ Zhou Yongkang ကို ကြီးမားတဲ့ စည်းကမ်းချိုးဖောက်မှု တခုအတွက် စုံစမ်းစစ်ဆေးနေတယ်ဆိုပြီး တရုတ်အစိုးရပိုင် Xinhua သတင်းဌာနက အင်္ဂါနေ့မှာ ဖော်ပြပါတယ်။

Xinhua သတင်းဌာနရဲ့ စာကြောင်းတကြောင်းနဲ့ ဖော်ပြချက်ထဲမှာတော့ Zhou အပေါ်မှာ သံသယရှိထားတဲ့ ပြစ်မှုနဲ့ ပတ်သက်လို့တော့ အသေးစိတ် အချက်အလက်တွေ ဖော်ပြမထားပါဘူး။ ပြီးခဲ့နှစ် သြဂုတ်လကတည်းက အသက် ၇၁ နှစ်အရွယ် မစ္စတာ Zhou ကို အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရတယ်ဆိုပြီး အတည်မပြုနိုင်တဲ့ သတင်းတွေ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြတာပါ။

ဒီနောက်မှာတော့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း အတော်များများကို မေးမြန်းမှုတွေ လုပ်ခဲ့တာပါ။ Zhou ကို စုံစမ်းစစ်ဆေးနေတာဟာဆိုရင် တရုတ်ကွန်မြူနစ်ပါတီ အမြဲတမ်း ကော်မတီဝင်ဟောင်း ဒါမှမဟုတ်လည်း လက်ရှိ ကော်မတီဝင်တဦးကို စီးပွားရေး ပြစ်မှုနဲ့ ပတ်သက်ပြီး ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအကြိမ် စုံစမ်းစစ်ဆေးတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG