အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးဟာ ပုံမှန် ပြန်ကောင်းလာနေပြီး ဇူလိုင်လမှာ အလုပ်အကိုင် အရေအတွက် ၂၉၀,၀၀၀ ထပ်တိုးခဲ့တယ် ဆိုတာ နောက်ဆုံးထွက်လာတဲ့ အလုပ်အကိုင်အခြေအနေဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီအရေအတွက်က အရင် သုံးလလောက် မများပေမဲ့လည်း ဒါဟာ ခြောက်လဆက်တိုက် အလုပ်အကိုင် အရေအတွက် ၂၀၀,၀၀၀ အထက် တိုးခဲ့တာပါ။ ဒါပေမဲ့လည်း အလုပ်အကိုင်ရှိတဲ့ အမျိုးသမီးအရေအတွက်က အမျိုးသားအရေအတွက်ထက် ပိုများပြီး မညီမမျှ ဖြစ်နေသေးသလို အထိခိုက်ဆုံး လူနည်းစုတချို့လည်း ရှိနေဆဲပါပဲ။
ဒီအခြေအနေတွေအပေါ် ဗွီအိုအေသတင်းထောက်တွေရဲ့ သတင်းပေးပို့ ချက်တွေကို စုစည်းပြီး ဒီသီတင်းပတ် စီးပွားရေးကဏ္ဍမှာ တင်ဆက်ထား ပါတယ်။