သုံးရလွယ်ကူစေသည့် Link များ

site logo
နောက်ဆုံးရသတင်း

နေတိုးအဖွဲ့ချုပ် ထိပ်သီးဆွေးနွေးပွဲ သတင်းဓါတ်ပုံများ

ဗိတိန်နိုင်ငံ ဝေလနယ်မှာ ဒီကနေ့ စတင်တဲ့ မြောက်အန္တလန်တိတ် စစ်စာချုပ်အဖွဲ့ နေတိုးရဲ့ ထိပ်သီး ဆွေးနွေးပွဲကို ကမ္ဘာ့ခေါင်းဆောင်တွေ စုဝေး တက်ရောက်နေကြသလို၊ ယူကရိန်းနိုင်ငံ ပဋိပက္ခနဲ့ ဆီးရီးယား နဲ့ အီရတ်နိုင်ငံတွေမှာ အစ္စလာမ်မစ်အစွန်းရောက် အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေနဲ့ ပတ်သက်လို့ အဓိက ဆွေးနွေးကြဖို့ ရှိနေပါတယ်။ နေတိုး မဟာမိတ်အဖွဲ့ အတွင်းရေးမှူးချုပ် Anders Fogh Rasmussen က ယူကရိန်းနိုင်ငံတွင်း အပစ်အခတ် ရပ်စဲမှုရရှိရေးအတွက် ရုရှား သမ္မတ ဗလာဒီမီယာ ပူတင် တင်သွင်းတဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ သူ့အနေနဲ့ သံသယရှိကြောင်းကို ဆွေးနွေးပွဲအဖွင့်မှာပဲ ပြောသွားပါတယ်

နောက်ထပ်ကြည့်ရှုရန်

XS
SM
MD
LG