သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပညာရေး

အခုရက်ပိုင်း ပညာရေးနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ထူးခြားတဲ့ သတင်းတစ်ပုဒ်ကတော့ အခြေခံပညာ အထက်တန်းအဆင့်မှာ လက်ရှိ အင်္ဂလိပ်ဘာသာနဲ့ပဲ သင်ကြားနေတဲ့ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ နဲ့ သင်္ချာ ဘာသာရပ်တွေကို မြန်မာဘာသာနဲ့ ပြောင်းလဲ သင်ကြားတော့မယ် ဆိုတဲ့ သတင်းပါ။ ချက်ခြင်းကြီးတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ပညာရေး ရဲ့ အခြေခံအဆင့်ကို လက်ရှိ စုစုပေါင်း ၁၁ နှစ် သတ်မှတ် သင်ကြားနေရာကနေ နောင် နိုင်ငံတကာ နည်းတူ ၁၂ တန်းအဖြစ် သင်ရိုးတွေ ပြုပြင်တဲ့အခါ ပြောင်းလဲကျင့်သုံးဖို့ ပြင်ဆင်နေတာတွေထဲက တစ်စိတ် တစ်ပိုင်း ဖြစ်တယ်လို့ သိရပါတယ်။

XS
SM
MD
LG