သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းလူသတ်မှု စွပ်စွဲခံ ၂ ဦး ရဲဖြောင့်ချက် ပြန်ရုပ်သိမ်း


မြန်မာသံရုံး၊ ထိုင်းလူ့အခွင့်အရေးကော်မရှင်၊ ထိုင်းရှေ့နေများကောင်းစီ၊ မိသားစုဝင်များ သက်သေ မောင်မောင်နဲ့ အလုပ်သမားရေး လုပ်ဆောင်နေသူများ စုံစမ်းမေးမြန်းမှုများလုပ်နေပုံ ဓာတ်ပုံ (ကိုမင်းဦး FED)
မြန်မာသံရုံး၊ ထိုင်းလူ့အခွင့်အရေးကော်မရှင်၊ ထိုင်းရှေ့နေများကောင်းစီ၊ မိသားစုဝင်များ သက်သေ မောင်မောင်နဲ့ အလုပ်သမားရေး လုပ်ဆောင်နေသူများ စုံစမ်းမေးမြန်းမှုများလုပ်နေပုံ ဓာတ်ပုံ (ကိုမင်းဦး FED)

ထိုင်းနိုင်ငံ၊ ကော့တောင်ကျွန်း လူသတ်မှုမှာ စွပ်စွဲခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦးက သူတို့သတ်တယ်ဆိုပြီး ထိုင်းရဲကို ဝန်ခံထားတာကို ပြန်ရုပ်လိုက်ပါတယ်။ ထိုင်းရှေ့နေများကောင်စီက ရှေ့နေတွေ အင်္ဂါနေ့က သူတို့နဲ့ သွားတွေ့ပြီး မေးမြန်းချိန်အတွင်း အလုပ်သမားနှစ်ဦးက အရင်ဝန်ခံချက်ကို တရားဝင် ပြန်ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။

ရဲစခန်းမှာ ဝန်ခံထားတာဟာ ရိုက်နှက်ညှဉ်းပန်းခံရလို့ ဝန်ခံလိုက်ရတာဖြစ်ပြီး သူတို့ပြစ်မှုမကျူးလွန်ဘူးဆိုတာကို ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့က အခိုင်အမာပြောတယ်လို့ သွားတွေ့တာမှာပါတဲ့ ထိုင်းရှေ့နေတဦးက ဗွီအိုအေကိုပြောပါတယ်။

ထိုင်းရှေ့နေတွေဟာ အဓိကအစိုးရသက်သေအဖြစ် ရဲတွေက တင်ထားတဲ့ မောင်မောင်နဲ့ အဖမ်းခံထားရတဲ့ အလုပ်သမားနှစ်ဦးရဲ့ မိဘတွေနဲ့လည်းတွေ့ဆုံပြီး အမှုနဲ့ပတ်သက်လို့ အထောက်အကူဖြစ်စေမယ့် မေးမြန်းစုံစမ်းတာတွေ လုပ်ကြပါတယ်။

ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးရယူထားတဲ့ မျိုးရိုးဗီဇ DNA အထောက်အထားတွေဟာ အခုအဖမ်းခံထားရသူနှစ်ဦးရဲ့ DNA နဲ့ ကိုက် တယ် မကိုက်ဘူးဆိုတာနဲ့ ထိုင်းရဲက သူတို့ကို တကယ်ပဲ နှိပ်စက်ညှဉ်းပန်းပြီး စစ်ဆေးတာတွေ ရှိမရှိဆိုတာ ဗြိတိန်ရဲတပ်ဖွဲ့က စုံစမ်းမယ့်အကြောင်း ဗြိတိန် သတင်းမီဒီယာတချို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖော်ပြကြပါတယ်။

လူငယ်နှစ်ဦးရဲ့ မိဘတွေဟာလည်း ဒီကနေ့မှာပဲ ထိုင်းနိုင်ငံဆီ ရောက် သွားကြပြီဖြစ်ပြီး ကော့စမွေအကျဉ်းထောင်မှာ ဖမ်းထားတဲ့ သူတို့သားတွေကို သွားတွေ့နိုင်ဖို့ နှစ်နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းနေကြပါတယ်။
အခုအဖမ်းခံထားရသူနှစ်ဦးကို ထိုင်းရဲက တရားခံရှာပြီး ဖမ်းထားတယ်ဆိုတာမျိုး ထိုင်းနိုင်ငံ လူမှုကွန်ယက်တွေ၊ သတင်းမီဒီယာ တွေမှာ ပြောဆိုရေးသားနေတာတွေ မလုပ်ကြဖို့ ထိုင်းဝန်ကြီးချုပ်က သတိပေးပြောဆိုထားပါတယ်။

XS
SM
MD
LG