သုံးရလွယ်ကူစေသည့် Link များ

အောက်တိုဘာ ၂၀၊ ၂၀၁၄။ ကမ္ဘာကျော် အမေရိကန် စားသောက်ဆိုင်ဖြစ်တဲ့ KFC ကြက်ကြော်ဆိုင်ခွဲတွေကို မကြာခင် မြန်မာနိုင်ငံမှာ မြင်တွေ့လာရတော့မှာပါ။ KFC စားသောက်ဆိုင်ခွဲတွေ မြန်မာနိုင်ငံထဲ ဖွင့်လှစ်ဖို့အတွက် ဈေးကွက်သုတေသနတွေ ကြိုတင်စူးစမ်းခဲ့သလိုပဲ၊ တာဝန်သိ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းအဖြစ် လုပ်ဆောင်သွားမှာလည်းဖြစ်တယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။ KFC ဆိုင်ခွဲတွေ ဖွင့်ဖို့ မြန်မာနိုင်ငံထဲ Franchise ရထားတဲ့ Yoma Strategic Holding Limited က တာဝန်ရှိသူ J.R Ching ကို ဗွီအိုအေ ရန်ကုန်ရုံးခွဲကနေ မသိဂီ င်္လင်း တွေ့ဆုံမေးမြန်းထားတာကို ဒီသီတင်းပတ်ရဲ့ စီးပွားရေးအစီအစဉ်မှာ နားဆင်နိုင်ပါတယ်။

XS
SM
MD
LG