သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုပါကြီး အလောင်း ၂၄ နာရီ အတွင်း သဂြုႋဟ်ဖို့ အာဏာပိုင်တွေ တောင်းဆို


ကိုပါကြီးအလောင်းကို စည်ပင်သာယာအဖွဲ့က ၂၄နာရီ အတွင်း သဂြုႋဟ်ရမယ်လို့ ဇနီးဖြစ်သူထံ အကြောင်းကြားစာ။
ကိုပါကြီးအလောင်းကို စည်ပင်သာယာအဖွဲ့က ၂၄နာရီ အတွင်း သဂြုႋဟ်ရမယ်လို့ ဇနီးဖြစ်သူထံ အကြောင်းကြားစာ။

စစ်တပ်က ပစ်ခတ်မူကြောင့် သေဆုံးသွားရတယ်လို့ သတင်းထုတ်ပြန်ထားတဲ့ အလွတ်သတင်းထောက် ကိုပါကြီး(ခ) ကိုအောင်ကျော်နိုင်ရဲ့အလောင်းကို ၂၄နာရီအတွင်း သဂြုႋဟ်ရမယ်ဆိုပြိး စည်ပင်သာယာက ည၉နာရီကျော်မှာ စာလာပေးတဲ့ အကြောင်း မိသားစုကဆိုပါတယ် မိသားစုအနေနဲ့ အမူမှန်ပေါ်ပေါက် ဖို့ အလောင်းကို ပြန်လည် သယ်ဆောင်ဖို့ ကြိုးစားရာမှာ အတားအဆီး အနှောက်ယှက်များ ကြုံနေရတယ်လို့ ဆိုပါတယ်။ ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ ထားပါတယ် ။

အလွတ်သတင်းထောက် ကိုပါကြီး(ခ)ကိုအောင်ကျော်နိုင်ရဲ့ အလောင်း ကို နိုဝင်ဘာလ ၅ရက်နေ့က တူးဖော်ခဲ့ပြီး နိုဝင်ဘာလ ၆ရက်နေ့ က မော်လြမိုင်မြို့ က ပြည်နယ် ဆရာဝန်ကြီးတွေရဲ့ရင်ခွဲ စမ်းသပ်ချက် အရ သေနတ် ဒဏ်ရာ တွေ့ရှိရတယ်လို့ မိသားစုကို အသိပေးခဲ့တာပါ။ ဒီ့နောက်မှာတော့ မိသားစုကို အလောင်းပြန်အပ်နှံခဲ့ပေမဲ့ နိုဝင်ဘာ ၆ရက်နေ့ ည ၁၀နာရီ ထိုးခါနီး အချိန်ကျမှ စည်ပင်သာယာအဖွဲ့က ၂၄နာရီအတွင်း သဂြုႋဟ်ရမယ်လို့ အသိပေး လာကြောင်း ဇနီးဖြစ်သူမသန္တာက ပြောပါတယ်။

"စည်ပင်ကနေပြီးတော့ မနေ့က ငါးရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက် ၂၄နာရီ အခု သက်ဆိုင်ရာ သုဿာန်ပေါ့ ဒီမော်လမြိုင်ပေါ့၊ ဒီမော်လမြိင်သုဿာန်မှာ ၂၄နာရီအတွင်း သဂြုႋဟ်ပေးရမယ်လို့ပြောတယ်။ အခုညက ၉နာရီ ၄၅မိနစ်မှာ လာပေးတယ်။ ကျမရဲ့ဆန္ဒဆို ကျမ သဘောမတူဘူး။ တကယ်လို့ ကျမ သဘောမတူပဲ သူတို့ဘာသာသူတို့ ကျမ သဘောမတူဘူး ဒီဆေးရုံမှာ ထားတဲ့ အလောင်းကို သူတို့ဘာသာ သူတို့ သဂြုႋဟ် မယ်ဆိုလို့ရှိရင် အဲ့တာဝန်ကို သူတို့ခံရမယ်။ ကျမ ဒီလိုပဲ ပြောမယ်။ ကျမ သဘောမတူဘူး နောက်ပြီးတော့ ကျမကို ဆုံးဖြတ်ဖို့ အချိန်မပေးဘူး။ နောက်ပြီး ကျမ ဆေးရုံအလောင်း မော်ကျူရီမှာ ပြီးတဲ့အချိန်ကိုလည်း မတွက်ဘူး။ ဒါဟာ မတရားမှု သပ်သပ်ပဲ။"

အလောင်း သယ်ဆောင်ဖို့ လုပ်ဆောင်ရာမှာ အတားအဆီး အနှောက်အယှက်တွေနဲ့ ကြုံနေရကြောင်း ဒါဟာ အမူမှန် မပေါ်နိုင်အောင် ကြိုးစားမူ အဖြစ် သံသယ ရှိတယ်လို့ ဇနီးဖြစ်သူက ဆိုပါတယ်။

"ကျမကို တခုပြီးတခု ဒီအလောင်းဟာ မော်လမြိုင်မြို့က မထွက်ဖို့အတွက် အစိုးရက ပထမက ဆရာဝန်နဲ့ အရင် နောက်တခါကျတော့ ဘုန်းကြီး နောက်တခါ ဘာသာရေး အဓိကရုဏ်း ဆိုတဲ့ ခေါင်းစဉ် တပ်လာတယ်။ ဒီနေ့ကျတော့ စည်ပင်က ဥပဒေ ထုတ်လာတယ်။ အားလုံး ငါးခုရှိသွားပြီ။ ကိုပါကြီး အမှုမှန်ပေါ်ပေါက်ဖို့မှာ အမှုမှန်မပေါ်ပေါက်အောင် တားဆီးတဲ့ အတားအဆီးတွေချည်းပဲ။ ဒါဟာ တကယ့် မတရားမှုကို အားလုံးက ဝိုင်းပြီး လိမ်ကြတာ။ ဌာန ပေါင်းစုံက ဒီလိုပဲ ကျမ သူတို့ကိုပြောမယ်။"

နိုဝင်ဘာ၆ရက်နေ့ ည ၁၂နာရီခန့်မှာ ကိုပါကြီးဇနီး တည်းခိုရာနေရာတဝိုက်မှာ မသင်္ကာဖွယ်ရာ လူများ တွေ့နေရသလို့ ရန်ကုန်မြိုကနေ သတင်းလိုက်ယူကြတဲ့ မီဒီယာသမားတွေလည်း လုံခြုံရေး မကောင်းတဲ့အတွက် မွန်အမျိုးသားပါတီရုံးကို အားလုံးပြောင်းရွှေ့နေထိုင်ရတယ်လို့လည်း ပြောပြပါတယ်။

" မော်တော်ဆိုင်ကယ်တွေနဲ့လည်း အရပ်ဝတ်နဲ့ပေါ့နော်။ ကျမတို့ရဲ့ လမ်းဒေါင့်တွေမှာ ဟိုတစ၊ ဒီတစ အဲ့လို ဖုန်းတွေနဲ့သတင်းပို့နေတာ။ ဓာတ်ပုံခိုးရိုက်တာတွေရှိတယ်။ အဲ့ဒီ့အခါကျတော့ ကျမတို့ ကူညီနေတဲ့ မွန်အမျိုးသားပါတီက လာခေါ်ပြီးတော့ ကျမတို့ အန္တရာယ်အတွက်ဆိုပြီး မွန်အမျိုးသားပါတီရုံးကို ရွှေ့လာပြီ။ မွန်အမျိုးသားပါတီက လူငယ်တွေ၊ NLD က လူငယ်တွေက မီဒီယာတွေ ပြန်သွားပြီလား ဘယ်မှာတည်းလဲ ဘာလဲ စုံစမ်းမေးမြန်းသံတွေ ကြားလို့ ဒီမှာ ကျန်ရစ်ခဲ့တဲ့ မီဒီယာတော်တော်များများကို လည်း စိတ်ပူပြီးတော့ ဒီညတော့ ဟိုတယ်မှာ မအိပ်ပဲ ကျမတို့နဲ့ လာအိပ်ဖို့ မီဒီယာသမားတွေကို ဆော်သြပြီး မွန်အမျိုးသားပါတီရုံးမှာပဲ လာအိပ်ကြတယ်။ လုံခြုံရေးအရ ခြံတံခါးတွေ အလုံပိတ်ပြီး။"

ကိုပါကြီး အလောင်းကို မိသားစု က ရန်ကုန်မြို့ကို သယ်ဆောင်ဖို့အတွက် စီစဉ်နေပြီး ရန်ကုန်မြို့ ကရေဝေးသုဿဿ န်မှာ သဂြုႋဟ်ဖို့ စီစဉ်ထားတာပါ။ နာရေးကူညီမူ အသင်းက ကားတွေနဲ့ အတူ အလောင်းကို သယ်ဆောင်ဖို့ စီစဉ်နေစဉ်မှာပဲ အခုလိုမျိုး အဟန့်အတားတွေ ဖြစ်နေတာပါ။

အလွတ် သတင်းထောက် ကိုပါကြီးဟာ အောင်တိုဘာလ ၄ရက်နေ့မှာ အစောင့်တပ်သားတဦး ဆီကနေ သေနတ်လုပြီး ထွက်ပြေးဖို့ ကြိုးစားတာကြောင့် ပစ်ခတ်ရင်း သေဆုံးသွားတာလို့ ကာကွယ်ရေး ဦးစီးဌာနက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ကနေတဆင့် သတင်းထုတ်ပြန်ခဲ့တာပါ ။တလအကြာ အလောင်းကိုပြန်ဖော်တဲ့အခါမှာ နှိပ်စက်ညှင်းပမ်းဒဏ်ရာများနဲ့ သေဆုံးရတယ်လို့ မိသားစုနဲ့ မျက်မြင်တွေက ပြောဆိုနေကြပါတယ်။ ဆရာဝန်ရဲ့ဆေးစစ်ချက်ကတော့ အပြည့်အစုံကို တရားရုံးကျမှသာ တင်ပြနိုင်ဖြစ်တာကြောင့် လက်တလောတွေ့ရှိချက် အရ သေနတ်ဒဏ်ရာ ၅ချက်နဲ့ သေဆုံးရတာလို့ မိသားစုကို ပြည်နယ် ဆရာဝန်ကြီးက အသိပေးပြောကြားထားပါတယ်။

XS
SM
MD
LG