သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုပါကြီးသေဆုံးမှု အဖြစ်မှန်ဖေါ်ထုတ်ဖို့ CPJ တောင်းဆို


အလွတ် သတင်းထောက် ကိုပါကြီး (Photo by ကို မိုးကျော် )

အလွတ် သတင်းထောက် ကိုအောင်ကျော်နိုင် ခေါ် ကိုပါကြီး အသတ်ခံရတဲ့ကိစ္စရဲ့ တကယ့်ဖြစ်ရပ်မှန်ကို ဖော်ထုတ်ဖို့ မြန်မာ အစိုးရဟာ အခိုင်အမာရှိပုံမရဘူးလို့ နယူးယောက် အခြေစိုက် သတင်းမီဒီယာသမားများ အကာအကွယ်ပေးရေး ကော် မတီ CPJ က ပြောလိုက်ပါတယ်။

“ဘယ်သူက သေနတ်နဲ့ပစ်တယ်၊ သူ့ကိုဘာ့ကြောင့် သတ်တယ်၊ တကယ်တမ်း ဘာဖြစ်ခဲ့တယ် ဆိုတာတွေကို အစိုးရက ဖော်ထုတ်ချင်ပုံမရပါဘူး။ အစိုးရဘက်က ခုခံကာကွယ်ပြောတာတွေပဲ ကျနော်တို့ ကြားရပါတယ်။ သူဟာ သတင်းထောက် မဟုတ်ဘူး၊ သူဟာ သူပုန် စသည်အားဖြင့်ပါ။ သတင်းထောက်တယောက်ကို အတော်လေး သွေးအေးအေးနဲ့ သတ်ပစ်လိုက်တယ် ဆိုတာကို ငြင်းဖို့ပဲ ကြိုးစားနေပါတယ်။” လို့ CPJ အဖွဲ့က အာရှအစီအစဉ် လုပ်ငန်းညှိနှိုင်းရေးမှူး Bob Dietz က ဗွီအိုအေကို ပြောပါတယ်။

အစိုးရ စစ်တပ်ဟာ အရင်ခေတ်ကလိုပဲ သူတို့ဘာပဲလုပ်လုပ် ဘာအကျိုးဆက်မှ မခံရဘဲ ဘယ်သူ့ကိုမှ တာဝန်ခံဖို့ မလိုဘူးဆိုတာမျိုး ယူဆနေတုန်းပဲလို့ သူထင်တဲ့ အကြောင်း Bob Dietz ကပြောပါတယ်။ ဒါဟာ ဒီမိုကရေစီနိုင်ငံတခုရဲ့ လုပ်ဆောင်ပုံ မဟုတ်ဘူး လို့လည်းသူကဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ တရားရေးစနစ်၊ စစ်တပ်နဲ့ အစိုးရတို့ကို ယုံကြည်လို့မရတဲ့အတွက် နိုင်ငံတကာကနေ စုံစမ်းစစ်ဆေးမှု လုပ်ရမယ်လို့ Bob Dietz ကပြောပါတယ်။

CPJ အဖွဲ့ဟာ နိုဝင်ဘာလ ၇ ရက် သောကြာနေ့ နေ့စွဲနဲ့ သမ္မတ အိုဘားမားဆီ အိတ်ဖွင့်ပေးစာ တစောင် ပေးပို့ပြီး မြန်မာနိုင်ငံမှာ သတင်းသမားတွေကို သတ်ဖြတ်တာ၊ ထောင်သွင်း အကျဉ်းချတာ၊ အနှောက်အယှက် ပေးနေတာတွေနဲ့ ပတ်သက်ပြီး အထူး စိုးရိမ်မိတဲ့အကြောင်း ဖော်ပြ ရေးသားထားပါတယ်။

အမေရိကန်နဲ့မြန်မာအကြား အနာဂတ် ထိတွေ့ဆက်ဆံမှုဟာ သတင်းစာ လွတ်လပ်ခွင့်နဲ့ပတ်သက်လို့ မြန်မာအစိုးရရဲ့ သဘောထားနဲ့ရပ်တည်ချက်အပေါ် မူတည်တယ်ဆိုတာ သမ္မတအိုဘားမားရဲ့ လာမယ့်ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်ကိုပြောဖို့ CPJ က တိုက်တွန်းထားပါတယ်။

XS
SM
MD
LG