သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွန်ဂရက်ရွေးကောက်ပွဲနဲ့ အမေရိကန်စီးပွားရေး


နိုဝင်ဘာ ၁၀၊ ၂၀၁၄။ အမေရိကန်ပြည်ထောင်စု လွှတ်တော်ရွေးကောက်ပွဲတွေမှာ ရီပတ်ပလင်ကန် ပါတီက အများစု အနိုင်ရခဲ့တာကြောင့်၊ ဒီမိုကရက်အစိုးရနဲ့ ရီပတ်ပလင်ကန်ဦးဆောင်လာမယ့် လွှတ်တော်အကြား သဘောကွဲလွဲမှုတွေ ရှိလာနိုင်ပေမယ့် စီးပွားရေးနဲ့ပတ်သက်လို့ မျှော်လင့်ချက်တခုတော့ တိုးလာနေပါတယ်။

အချိန်အတန်ကြာ ရှေ့မတိုးနောက်မဆုတ်ဖြစ်နေတဲ့ နိုင်ငံတကာကုန်သွယ်ရေးသဘောတူညီချက်ဆိုင်ရာ အစိုးရလုပ်ပိုင်ခွင့်နဲ့ပတ်သက်လို့ ဥပဒေမူကြမ်း ရှေ့တိုးဖို့ အလားအလာကောင်းလာတယ်လို့ သုံးသပ်နေကြပါတယ်။

နိုင်ငံတကာကုန်သွယ်ရေးသဘောတူညီချက်ဆိုင်ရာ အစိုးရလုပ်ပိုင်ခွင့်ပေးဖို့ ဥပဒေကြမ်းကို သမတအိုဘားမားအစိုးရက လွှတ်တော်ကို တင်ထားခဲ့ရာမှာ၊ အရင်ဒီမိုကရက်ဦးဆောင်တဲ့ အထက်လွှတ်တော်က မဲမခွဲနိုင်ဖြစ်နေတာပါ။ ဒါပေမယ့် စီးပွားရေးဆိုင်ရာ ဒီ ဥပဒေကြမ်းကို ရီပတ်ပလင်ကန်တွေဖက်က လိုလားနေပုံရတာကြောင့်၊ ဒီဥပဒေကြမ်း ဆွေးနွေးအတည်ပြုနိုင်ဖို့ အလားအလာကောင်းလာတယ်လို့ ရှုမြင်နေကြပါတယ်။ အခု သီတင်းပတ်စီးပွားရေးအစီအစဉ်မှာ ဒီအကြောင်း တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG