သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ လူ့အခွင့်အရေး ကုလကော်မတီမှာ အတည်ပြု


ကုလအစည်းအဝေး။
ကုလအစည်းအဝေး။

မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂဆုံးဖြတ်ချက် တရပ်ကိုကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ မှာ နိုဝင်ဘာလ ၂၁ ရက်၊ သောကြာနေ့က မဲမခွဲဘဲ အတည်ပြုလိုက်ပါ တယ်။

လူ့အခွင့်အရေးအခြေအနေ တိုးတက်ဖို့ မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုတဲ့တချိန်ထဲမှာပဲ အထူးသဖြင့် တော့ ရခိုင်ပြည်နယ်ဘက်မှာ ကုလသမဂ္ဂက ရိုဟင်ဂျာလို့ခေါ်တဲ့ မူစလင်တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီးတော့ အခုဆုံးဖြတ် ချက်ထဲမှာ အဓိက ထောက်ပြထားတာပါ။

ဒီလိုမျိုး ကုလသမဂ္ဂက ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲတာဟာ ဒီအရေးကြီးတဲ့ကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ အတားအဆီး ပဲ ဖြစ်စေမယ်ဆိုပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်တင်က အပြင်းအထန် ကန့်ကွက်ပြောဆိုပါတယ်။

ဒီဆုံးဖြတ်ချက်ကို ဥရောပသမဂ္ဂ EU ကမကထပြုပြီးတော့ မူကြမ်းရေးဆွဲတာဖြစ်ပြီး အထွေထွေညီလာခံမှာ ဆက်ပြီးတော့ အတည်ပြုရမှာဖြစ်ပါတယ်။

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သီးခြား ဆွေးနွေးတာတွေ၊ ဆုံးဖြတ်ချက်ချတာတွေကို ဆက်မလုပ်တော့ဘူး သမ္မတ ဦးသိန်းစိန်အပါအဝင် မြန်မာအစိုးရတာဝန်ရှိသူတွေက တိုက်တွန်း တောင်းဆိုထားပါတယ်။

XS
SM
MD
LG