သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်နီးချင်းတွေနဲ့ သင့်မြတ်ဖို့ တရုတ် ကြိုးပမ်းလာ


တရုတ်ပြည်သူ့သမ္မတနိုင်ငံ။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ။

အိမ်နီးချင်းနိုင်ငံတွေ နဲ့ အငြင်းပွားတာတွေကို ဖြေရှင်းရေး ဆွေးနွေးတာတွေ ပိုကောင်းချင် တယ်လို့ တရုတ်ကာကွယ်ရေး ဝန်ကြီးက သောကြာနေ့မှာ ပြော လိုက်ပါတယ်။ ဒါဟာဖြင့် မြေပြင်နဲ့ရေပြင်နယ်နိမိတ် ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွား တာတွေ ကနေ ပြင်းထန်တဲ့ ထိပ်တိုက်တွေ့တာတွေ လ အတော်ကြာဖြစ်ပြီး တဲ့နောက် ပြန်ပြီး သင့်မြတ်ချင်တဲ့ လေသံမျိုးထွက်လာတာပါ။

အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံတွေနဲ့ တရုတ်အကြား အရေးပေါ် ဆက်သွယ်ရေး လိုင်းတွေ ဖွင့်ဖို့ တရုတ်က စဉ်းစားနေတယ် လို့ ပီကင်းမြို့တော်မှာ ကျင်းပတဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတခုအတွင်း ကာကွယ်ရေးဝန်ကြီး Chang Wanquan ပြောပါတယ်။

ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့အပါအဝင် အိမ်နီးချင်းလေးနိုင်ငံနဲ့ တရုတ်အကြား တောင်တရုတ်ပင်လယ်ထဲက ကျွန်းတွေနဲ့ ရေပြင်ကို ပိုင်ဆိုင်မှု အငြင်းပွားတာတွေကနေ လွန်ခဲ့တဲ့နှစ်အတွင်း ဒေသတွင်း တင်းမာမှု မြင့်မားခဲ့ပါတယ်။

တရုတ်က ကမကထလုပ်ကျင်းပတဲ့ နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ကာကွယ်ရေးဝန်ကြီးက အဲဒီလိုပြောတာဟာ ထိပ်တိုက်သိပ်မတွေ့ချင်တော့တဲ့ သဘောကို ထင်ဟပ်တဲ့ ကြိုးပမ်းချက်ပါပဲ။

ဂျပန်နဲ့ အိန္ဒိယနိုင်ငံတွေနဲ့ တရုတ်ကြားမှာလည်း နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားတာတွေ ရှိပေမယ့် တင်းမာမှုလျှော့ချဖို့ လုပ်ဆောင်ထားပါတယ်။

XS
SM
MD
LG