မြောက်ကိုရီးယားအစိုးရက ခေါင်းဆောင် Kim Jong Un ရဲ့ နာမည်ကို နိုင်ငံသားတွေ အသုံးပြုခြင်းက ပိတ်ပင် တားဆီးလိုက်ပါတယ်။
ဒါဟာ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ Kim မိသားစုအပေါ် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကြီးထွားလာအောင် မြောက်ကိုရီးယားအစိုးရ ကြိုးပမ်း ဆောင်ရွက်မှုတွေထဲက နောက်ဆုံး တခုလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံကို သူတို့မိသားစု ၃ ဆက်က ဆက်တိုက် အုပ်ချုပ်လာတာလည်း ဖြစ်ပါတယ်။
ခေါင်းဆောင် Kim Jong Un နဲ့ နာမည်တူ ရှိသူတွေအနေနဲ့ သူတို့ရဲ့ နာမည်တွေကို ပြောင်းပစ်ကြဖို့နဲ့ အဲဒီနာမည်နဲ့ မွေးစာရင်းအသစ် လာဖွင့်သူတွေကိုလည်း လက်မခံ ပယ်ချပစ်ဖို့ အစိုးရက ညွန်ကြားချက် ထုတ်ပြန်ထားပါတယ်။
အဲဒီ ညွန်ကြားချက်ကို လက်ရှိခေါင်းဆောင် Kim Jong Un ရဲ့ ဖခင် သေဆုံးပြီး တိုင်းပြည်ခေါင်းဆောင်တာဝန်ကို စတင် မထမ်းဆောင်ခင် တနှစ်အလို ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှာကတည်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်လို့ တောင်ကိုရီးယား သတင်းမီဒီယာတွေက လက်ခံရရှိခဲ့တဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ သူမကွယ်လွန်ခင်ကတည်းက အဲဒီအချိန်က ခေါင်းဆောင်ဖြစ်တဲ့ Kim Jong Il က သူ့ရဲ့သား Kim Jong Un ကို သူ့အရိုက်အရာ ဆက်ခံဖို့ လက်သတ် မွေးထားခဲ့တာ ဖြစ်ပါတယ်။