သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ကိုတိုက်ဖို့ အီရတ်နိုင်ငံထဲ အီရန်လေတပ်ဝင်ရောက်


အီရတ်နိုင်ငံအတွင်းမှာရှိတဲ့ IS အစ္စလာမ် စစ်သွေးကြွတွေကို အီရန်တိုက်လေယာဉ်က ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

အခုနှစ်အစောပိုင်းတုန်းက အီရတ်နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းဒေသ အတော်များများကို သိမ်းပိုက်လိုက်နိုင်ခဲ့တဲ့ အစ္စလာမ် စစ်သွေးကြွတွေကို အီရန်က ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း အမေရိကန်စစ်ဌာနချုပ် ပင်တဂွန် ပြောခွင့်ရ ရေတပ်ဗိုလ်ချုပ် John Kirby က အင်္ဂါနေ့မှာ ပြောပါတယ်။

အီရန်ခြေလျင်တပ်ဖွဲ့ဝင်တချို့ကတော့ အီရတ်နိုင်ငံထဲမှာ ဝင်ရောက် တိုက်ခိုက်နေပြီး ဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ အီရန်နဲ့ ပူးပေါင်း ဆောင်ရွက်နေခြင်းမရှိဘူးလို့ John Kirby က ပြောကြားလိုက်ပြီး လေကြောင်းပိုင်နက် အသုံးပြုမှုနဲ့ပတ်သက်ပြီး နားလည်မှုမလွဲအောင် လုပ်ဆောင်ဖို့က အီရတ်အစိုးရရဲ့ တာဝန်သာဖြစ်ကြောင်း ပြောပါတယ်။

အီရတ်နိုင်ငံအတွင်းမှာရှိတဲ့ အစ္စလာမ် စစ်သွေးကြွတွေကို အမေရိကန်ပြည်ထောင်စုက သြဂုတ်လကစပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေခဲ့တာပါ။ အမေရိကန်ရဲ့ အဲဒီလေကြောင်း တိုက်ခိုက်မှုတွေထဲမှာ အီရန်က ပါဝင်မှာ မဟုတ်ကြောင်း အမေရိကန်ရော အီရန်ဘက်ကပါ ပြောဆိုထားပြီး ဖြစ်ပါတယ်။

အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့တွေက အစ္စလာမ် စစ်သွေးကြွတွေကို လေကြောင်းက တိုက်ခိုက်နေတဲ့အတွက် စစ်သွေးကြွတွေအနေနဲ့ တစည်းတလုံးထဲရှိဖို့နဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ သွားလာရေးမှာ အခက်အခဲတွေ ရှိသွားပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောပါတယ်။

XS
SM
MD
LG