သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်မှာ IS စစ်သွေးကြွ အပေါ် လေကြောင်း တိုက်ခိုက်မှု အီရန် အတည်မပြု


အီရတ်နယ်စပ်မှာရှိတဲ့ IS အစ္စလာမစ် စစ်သွေးကြွတွေကို အီရန်တိုက်လေယာဉ်တွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်ဆိုပြီး အမေရိကန်ပြည်ထောင်စုရဲ့ ပြောဆိုချက်ကို အီရန်က အတည်ပြုလိမ့်မယ် မဟုတ်ဘူးလို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုက ထုတ်လုပ်ပြီး ၁၉၇၀ ခုနှစ်တွေတုန်းက အီရန်နိုင်ငံက ဝယ်ယူထားခဲ့တဲ့ တိုက်လေယာဉ်တွေဟာ Diyala ခရိုင်အတွင်းမှာရှိတဲ့ IS ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြတယ်လို့ အမေရိကန် စစ်ဘက်ရေးရာ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ အဲဒီဒေသအတွင်းမှာ အမေရိကန် ပြည်ထောင်စုက စစ်ရေးလှုပ်ရှားမှု ပြုလုပ်တာမရှိဘူးလို့လည်း ပင်တာဂွန် စစ်ဌာနချုပ်က ပြောပါတယ်။

ဒီလိုလေကြောင်းကနေ တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်ပြီးတော့ နောက်ထပ် သတင်းအသေးစိတ် တစုံတရာ ထွက်ပေါ်လာတာမျိုး မရှိသေးပါဘူး။ အီရတ် ဝန်ကြီးချုပ် Haider al-Abadi ကလည်း၊ Diyala ခရိုင်အတွင်း လေကြောင်းတိုက်ခိုက်မှု ရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး သူမသိကြောင်း ပြောပါတယ်။

အမေရိကန်ကော အီရန်တို့ကပါ အဲဒီဒေသတွင်း သူတို့အကြားမှာ စစ်ရေးအရ တိုက်ခိုက်မှုတွေ ရှိတယ်လို့ ပြောဆိုတာမျိုး မလုပ်ခဲ့ကြပါဘူး။

အမေရိကန်နဲ့ အီရန်နိုင်ငံတို့အကြား စစ်ဘက်ရေးရာ ဆောင်ရွက်မှုကိစ္စမှာ အပြောင်းလဲ မရှိဘူးလို့ အိမ်ဖြူတော် ပြောခွင့်ရ ဂျွန် အမ်းနက်စ် က ပြောဆိုလိုက်သလို၊ အမေရိကန်နဲ့ ပူးတွဲလုပ်ဆောင်တယ် ဆိုတဲ့ကိစ္စဟာ မေးစရာမေးခွန်း မဟုတ်ပါဘူးလို့ အီရန် ထိပ်တန်း အရာရှိတဦးက ပြောဆိုပါတယ်။

XS
SM
MD
LG