သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် ဆန္ဒပြခေါင်းဆောင်တွေ ရဲထံအဖမ်းခံ


ဟောင်ကောင်မှာဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေ တစထက်တစ လျော့ကျသွားသလို Occupy Movement လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်တွေဟာ ရဲတပ်ဖွဲ့ထံမှာ အဖမ်းခံခဲ့ကြပါတယ်။ အမေရိကန် ပြည်ထောင်စုကတော့ တရုတ်ပိုင် ဟောင်ကောင်ကျွန်းမှာ အများလက်ခံတဲ့ မဲပေးစနစ်ကို ထောက်ခံကြောင်း ထပ်မံ ပြောဆိုလိုက်ပါတယ်။

ဟောင်ကောင်ပြည်သူတွေအနေနဲ့ အဓိပ္ပါယ်ရှိတဲ့ ရွေးချယ်ပိုင်ခွင့် ရှိသင့်တယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel က အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ရှေ့မှောက်မှာ ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်ပါတယ်။

ဟောင်ကောင်က ဆန္ဒပြပွဲတွေကို အမေရိကန် ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေက စီစဉ်ပြုလုပ်ခဲ့ကြတယ် ဆိုပြီးတော့ ဟောင်ကောင်မီဒီယာတွေရဲ့ ဖော်ပြချက်တွေကို သူက ပယ်ချလိုက်ပါတယ်။

ဟောင်ကောင်ဆန္ဒပြမှုမှာ အမေရိကန် ပြည်ထောင်စုအနေနဲ့ ဘာမှ ဝင်ရောက် စွက်ဖက်ခဲ့တာ မရှိဘူးလို့လည်း သူက ထပ်မံပြောဆိုခဲ့ပါတယ်။

Hong Kong Occupy Central လှုပ်ရှားမှုကို ခေါင်းဆောင်ခဲ့သူတွေဟာ၊ အာဏာပိုင်တွေက တရားမဝင် လှုပ်ရှားမှုလို့ သတ်မှတ်တဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကို စီစဉ်ခဲ့ကြတဲ့ သူတို့ရဲ့ အခန်းကဏ္ဍအတွက် ဗဟိုရဲဌာနမှာ သွားရောက် အဖမ်းခံခဲ့ကြပါတယ်။

Benny Tai, Chan Kin-man နဲ့ Chu Yiu-ming တို့ သုံးဦးဟာ သူတို့ကျူးလွန်ခဲ့တဲ့ လုပ်ရပ်အတွက် အပြစ်ရှိကြောင်း ဝန်ခံချက်ပုံစံ ဖြည့်စွက်ပြီးတဲ့နောက်၊ ရဲက သူတို့ကို ဖမ်းဆီးတာ စွဲချက်တင်တာမျိုး မပြုလုပ်ဘဲ ပြန်လွှတ်ပေးလိုက်ပါတယ်။

XS
SM
MD
LG