သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ကာကွယ်ရေးဝန်ကြီး ကြိုတင်မကြေညာဘဲ အီရတ်ရောက်ရှိ


IS စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ အမေရိကန် ဦးဆောင်တဲ့ လေကြောင်းစစ်ဆင်ရေးတွေ စတင်အပြီး ၄ လအကြာမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel က ဝန်ကြီးချုပ် Haider al-Abadi နဲ့ အမေရိကန် တပ်မှူးတွေကို တွေ့ဆုံဖို့အတွက် အီရတ်ကို ရောက်နေပါတယ်။

အီရတ်ကို ခုခံကာကွယ်ဖို့ အီရတ်တွေမှာ တာဝန်ရှိတယ်လို့ အမေရိကန်နဲ့ သြစတြေးလျတပ်ဖွဲ့ ၂၀၀ လောက်ကို Baghdad ကို မကြေညာဘဲ အင်္ဂါနေ့က ရောက်ရှိသွားတဲ့ဝန်ကြီး Hagel က ပြောပါတယ်။

“အာဖဂန်မှာလိုပါပဲ။ ဒါ သူတို့ရဲ့ တိုင်းပြည်ပါ။ သူတို့ကိုယ်တိုင် ဦးဆောင်ပြီး အဆုံးသတ် ရလဒ်အတွက် တာဝန်ရှိသူတွေ ဖြစ်ပါတယ်။ ကျနော်တို့က ကူညီ လေ့ကျင့်၊ အကြံပေးနိုင်ပါတယ်။ ကျနော်တို့ အခုလည်း လုပ်နေပြီး သူတို့ကို ထောက်ပံ့ပေးနေပါတယ်။ ဒါပေမဲ့ အစိုးရအဖွဲ့မှာ အားလုံးပါဝင်ရေးနဲ့ ယုံကြည်မှု တည်ဆောက်ရေးကတော့ သူတို့ရဲ့ အနာဂတ်အတွက် အလွန်ပဲ အရေးကြီးပါတယ်” - လို့ ပြောသွားတာပါ။

ဒီနှစ်အစောပိုင်းက IS စစ်သွေးကြွတွေ သိမ်းပိုက်ခဲ့တဲ့ အီရတ်နိုင်ငံမြောက်ပိုင်းနဲ့ အနောက်ပိုင်းကို ပြန်လည်သိမ်းယူဖို့အတွက် အီရတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ အခြေအနေသစ်တခုကို ပြန်ရနေပြီလို့လည်း သူက ပြောပါတယ်။

အီရတ်တပ်ဖွဲ့တွေကို ကူညီတဲ့အနေနဲ့ အမေရိကန် ဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲ့ဟာ သြဂုတ်လ အစောပိုင်းကတည်းက လေကြောင်းတိုက်ခိုက်မှုပေါင်း ၆၀၀ ကျော် ပြုလုပ်ခဲ့ပြီး အိမ်နီးချင်း ဆီးရီးယားနိုင်ငံမှာတော့ IS တိုက်ခိုက်ရေးသမား ဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှု ၅၀၀ လောက် ပြုလုပ်ခဲ့ပါတယ်။

XS
SM
MD
LG