သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြသူများ ကြာသပတေးနေ့ နောက်ဆုံးထား ထွက်ခွာဖို့ ဟောင်ကောင်ရဲ ရာဇသံပေး


ဟောင်ကောင်မှာ ဆန္ဒပြသူတွေအနေနဲ့ ဆန္ဒပြတဲ့နေရာတွေကနေ ကြာသပတေးနေ့မှာ နောက်ဆုံးထား ထွက်ခွာဖို့ ဟောင်ကောင်ရဲတွေက သတိပေး ပြောဆိုလိုက်ပါတယ်။ ဒါဟာ နှစ်လကျော်ကြာ ဆန္ဒပြပွဲကို အဆုံးသတ်ဖို့ ဟောင်ကောင်အာဏာပိုင်တွေက ကြိုးပမ်းနေတာပါ။

ဆန္ဒပြသူတွေအနေနဲ့ လမ်းပေါ်မှာ ကာကွယ်တားဆီးထားတာတွေကို စတင်ဖယ်ရှားပေးဖို့ ဟောင်ကောင်ရဲတပ်ဖွဲ့ ပြောခွင့်ရ Cheung Tak-keung က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ထွက်ခွာသွားဖို့နဲ့ ဒါမှသာ လမ်းတွေပြန်ပြီး ဖွင့်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်မှုမှန်သမျှကို ရဲတွေဘက်ကလည်း သည်းခံမှာမဟုတ်ဘဲ တုံ့ပြန် အရေးယူသွားမှာ ဖြစ်တယ်လို့လည်း သူက သတိပေးပြောဆိုခဲ့ပါတယ်။ အစိုးရဌာနချုပ်ရုံးတွေရဲ့ အနီးနားမှာ ဆန္ဒပြသူတွေရဲ့ အဓိကစခန်းတွေကို ဖြိုခွဲဖို့ ဟောင်ကောင်တရားရုံးချုပ်က ခွင့်ပြုမိန့်ရတာနဲ့ ဟောင်ကောင်ရဲတပ်ဖွဲ့က ဆန္ဒပြစခန်းတွေမှာရှိတဲ့ လမ်းပိတ်ဆို့ထားတဲ့ အတားအဆီးတွေကို စတင် ဖယ်ရှားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG