သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးပြဿနာ ဖြေရှင်းဖို့ ကုလတောင်းဆို


ထောင်သောင်းချီတဲ့ ဒုက္ခသည်တွေ တခြားနိုင်ငံမှာ ခိုလှုံခွင့် လျှောက်ထားဖို့၊ ဒါမှမဟုတ် တနေရာကနေ တနေရာကို ရွှေ့ပြောင်းနေထိုင်ဖို့အတွက် အန္တရာယ်များတဲ့ ပင်လယ်ပြင်ကို ဖြတ်သွားနေကြသူတွေအရေးကို ကမ္ဘာ့နိုင်ငံတွေက ပိုမို အာရုံစိုက် လုပ်ဆောင်ဖို့လိုကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောပါတယ်။

ပင်လယ်ပြင်အတွင်း ဒုက္ခသည်တွေကို ကယ်တင်ရတဲ့အခြေအနေ၊ တနေရာက တနေရာကို ရွှေ့ပြောင်းသူတွေ ပိုမို စိတ်ချရတဲ့ နည်းလမ်းကို အသုံးပြုလာအောင် အားပေးရေးနဲ့ လူတွေ အဲဒီလို နေရပ်စွန့်ခွာ ထွက်ပြေးနေကြတဲ့ အဓိက ပြဿနာတွေကို အဖြေရှာ ဆွေးနွေးဖို့အတွက် UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Antonio Guterres က ဂျနီဗာမြို့မှာ ၂ ရက်ကြာ ဦးဆောင် ကျင်းပနေတာပါ။

အခုနှစ်အတွင်းမှာတင် ပင်လယ်ပြင်ကိုဖြတ်ပြီး နေရပ် စွန့်ခွာ ထွက်ပြေးလာသူ ၃ သိန်းခွဲနီးပါးရှိခဲ့ပြီး အဲဒီအထဲက ၄ ထောင့် ၂ ရာကျော် သေဆုံးခဲ့ရတယ်လို့ UNHCR က ပြောပါတယ်။

အန္တရာယ်အများဆုံး ရေကြောင်း ဖြတ်ကျော်မှုဟာ မြေထဲပင်လယ်ကို ဖြတ်ကျော်သွားရတဲ့ ခရီးစဉ်ဖြစ်ပြီး ၂၀၁၄ ခုနှစ်ထဲမှာတင် လူပေါင်း ၃ ထောင့် ၄ ရာ သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ အခုနှစ်အတွင်း အဲဒီလမ်းကြောင်းကို ဖြတ်သန်းသူ ၂ သိန်း ၇ ထောင် ရှိခဲ့တဲ့အတွက် အရင် ၂၀၁၁ ခုနှစ်က အများဆုံးဖြစ်ခဲ့တဲ့ အရေအတွက်ထက်စာရင် ၃ ဆလောက် ပိုများလာတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

XS
SM
MD
LG