သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဆန္ဒပြခေါင်းဆောင်တွေ ဖယ်ရှားပေးဖို့ ငြင်းဆို


ဟောင်ကောင်မှာ နောက်ဆုံးကျန်တဲ့ သပိတ်စခန်းတွေကို အာဏာပိုင်တွေ ရှင်းလင်းပြီးချိန်အထိ ဆက်ပြီး ဆန္ဒပြသွားမယ်လို့ ဟောင်ကောင်က သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တွေက ပြောကြပါတယ်။

ရဲတွေက သပိတ်စခန်းတွေကို ကြာသပတေးနေ့ မနက်စောစောမှာ နောက်ဆုံးထား ရှင်းလင်းဖို့မလုပ်ခင် လွန်ခဲ့တဲ့ ၂ လအတွင်း ဆန္ဒပြရာမှာ ပါဝင်သူအားလုံး လမ်းမတွေပေါ် ပြန်လာကြဖို့ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ ကျောင်းသားခေါင်းဆောင်တွေက ပန်ကြားခဲ့ကြပါတယ်။

အာဏာပိုင်တွေဟာ ဆန္ဒပြသူတွေကို ထိပ်တိုက်ရင်ဆိုင်မှု လုပ်ဖို့ကလွဲပြီး တခြား ရွေးချယ်စရာ လမ်းမရှိအောင် လုပ်ခဲ့တယ်လို့ ဟောင်ကောင်ကျောင်းသား အဖွဲ့က အတွင်းရေးမှူး Alex Chow က ပြောပါတယ်။

ဆန္ဒပြသူတွေနဲ့ တသားတည်းရှိတာကို ပြသဖို့အတွက် သူတို့ကိုယ်တိုင်သွားကြမယ်လို့ တချို့ ဒီမိုကရေစီရေး လိုလားတဲ့ လွှတ်တော်အမတ်တွေက ပြောကြပါတယ်။

ဒီမိုကရက်တစ်ပါတီ အကြီးအကဲ Lam Cheuk-Ting ကတော့ သူတို့ပါတီဝင် အများအပြားဟာ အကြမ်းမဖက်တဲ့ မူဝါဒကို ကိုင်စွဲထားမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆန္ဒပြသူတွေနဲ့အတူ အဖမ်းခံဖို့ အဆင်သင့်ရှိတယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေဘက်ကတော့ သပိတ်စခန်းတွေဆီ ရဲတွေ ရောက်မလာခင် ဆန္ဒပြသူတွေ ထွက်ခွာပေးဖို့ကို ပန်ကြားထားပါတယ်။

XS
SM
MD
LG