သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုလန်မှာ CIA လျှို့ဝှက်အကျဉ်းထောင် ရှိခဲ့ကြောင်း သမ္မတဟောင်းဝန်ခံ


ပိုလန်သမ္မတဟောင်း Aleskander Kwasniewski
ပိုလန်သမ္မတဟောင်း Aleskander Kwasniewski

ပိုလန်သမ္မတဟောင်း Aleksander Kwasniewski က ပိုလန်အနေနဲ့ သူ့ရဲ့နယ်မြေတွင်းမှာ CIA အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီကို လျှို့ဝှက်အကျဉ်းထောင်တခု ထားရှိခွင့် ပြုခဲ့တဲ့အကြောင်း ဒါပေမဲ့လို့ ပိုလန်အရာရှိတွေအနေနဲ့ အဲ့ဒီအကျဉ်းထောင်မှာ ဖမ်းဆီးထားတဲ့ အကြမ်းဖက်သမားတွေကို ရက်စက်တဲ့လုပ်ရပ်တွေ၊ နှိပ်စက်မှုတွေ ပြုလုပ်ခွင့် အမိန့်မပေးခဲ့တဲ့အကြောင်း သူက ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က အဲ့ဒီအကျဉ်းထောင်မှာ အမေရိကန်ထောက်လှမ်းရေး ကြိုးပမ်းအားထုတ်မှု အားလုံးကို အဆုံးသတ်ဖို့ သူ့အနေနဲ့ ထိုစဉ် အမေရိကန်သမ္မတ George W. Bush ကို တိုက်တွန်းခဲ့တဲ့အကြောင်း မစ္စတာ Kwasniewski က TOK ဝါဆောအသံလွှင့်ဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

အဲ့ဒီလုပ်ရပ်တွေကို တချိန်ချိန်မှာ ရပ်တန့်ခဲ့တယ်လို့လည်း မစ္စတာ Kwasniewski က ပြောပါတယ်။ အဲ့ဒီအကျဉ်းထောင်မရှိတဲ့အကြောင်း နှစ်ပေါင်းများစွာ ငြင်းဆို ခဲ့အပြီး ဒါဟာ ပိုလန်သမ္မတဟောင်း တဦးအနေနဲ့ လူသိရှင်ကြား ပထမဆုံး ဝန်ခံပြောကြားမှုပဲ ဖြစ်ပါတယ်။ အဲ့ဒီအကျဉ်းထောင်ကို ၂၀၀၂ ခုနဲ့ ၂၀၀၃ ခုတုန်းက CIA အနေနဲ့ ပိုလန်မှာ စတင်ခဲ့တာ ဖြစ်တယ်လို့ ယူဆရပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ၂၀၀၁ ခု စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုအပြီး အကျဉ်းသားတွေကို စစ်ဆေးမေးမြန်းရာမှာ လွန်ကျွံတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို CIA က အသုံးပြုခဲ့တယ်လို့ အမေရိကန် အထက်လွှတ်တော်ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာခဲ့ပြီး တရက်အကြာမှာ မစ္စတာ Kwasniewski က အခုလို ထုတ်ဖော်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG