သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ကျောင်းတိုက်ခိုက်ခံရမှု လူ ၁၂၆ ဦးထက်မနည်း သေဆုံး


ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Peshawar မြို့က ကျောင်းတကျောင်းကို တာလီဘန်စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်မှုကြောင့်၊ ကျောင်းသားအများစု အပါအဝင် လူပေါင်း ၁၂၆ ဦးထက်မနည်း သေဆုံးသွားတယ်လို့ အရာရှိတွေက ပြောပါတယ်။

စစ်တပ်က ဖွင့်ထားတဲ့ကျောင်းကို စစ်သွေးကြွတွေ ဝင်ပစ်သွားတာမှာ အနည်းဆုံး နောက်ထပ်လူ ၁၀၀ ကျော်လည်း ဒဏ်ရာရသွားတယ်လို့ ပြည်နယ် အရာရှိတွေက ပြောပါတယ်။ ဒဏ်ရာရသူ အတော်များများဟာ စိုးရိမ်ရတဲ့ အနေအထားရှိတယ်လို့ ဆေးရုံက ပြောပါတယ်။

မောင်းပြန်သေနတ်တွေ ကိုင်ဆောင်ထားတဲ့ အမျိုးသား ၆ ဦး အထိဟာ ကျောင်းထဲကို ဝင်လာခဲ့ပြီး အဲဒီထဲက တယောက်က ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်ခဲ့တာပါ။ သူတို့ထဲက အနည်းဆုံး နောက်ထပ် ၂ ဦးလည်း သေဆုံးသွားပါတယ်။

စစ်သွေးကြွတွေဟာ စစ်တပ်ဝတ်စုံတွေ ဝတ်ဆင်ထားကြတယ်လို့ ပြည်နယ် အစိုးရ ပြောခွင့်ရသူက ဆိုပါတယ်။ ကျောင်းကိုဝင်စီးတော့ ကျောင်းသားနဲ့ ဝန်ထမ်း အများစုကို ဘေးလွတ်ရာကို ခေါ်ထုတ်ခဲ့နိုင်ပြီး တချို့က ကျောင်းစုဝေးခန်းမမှာ ဓားစာခံတွေအဖြစ် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ကို ကယ်တင်နိုင်ဖို့ အခုထိ ကြိုးစားနေကြတုန်းပါ။

နိုင်ငံရဲ့ အနောက်မြောက်ပိုင်း အာဖဂန်နယ်စပ်နဲ့ကပ်နေတဲ့ တိုင်းရင်းသား ဒေသတွေမှာရှိတဲ့ စစ်သွေးကြွတွေကို ပစ်မှတ်ထားပြီး အစိုးရက စစ်ဆင်ရေးတွေ လုပ်တာကို လက်စားချေတဲ့အနေနဲ့ အခုလို တိုက်ခိုက်တာဆိုပြီး တာလီဘန် ပြောခွင့်ရသူက ဆိုပါတယ်။

XS
SM
MD
LG