သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ဘောလုံးသမား Henry အနားယူ


ပြင်သစ်နိုင်ငံက နာမည်ကျော်ဘောလုံးသမား Thierry Henry ဟာ နှစ် ၂၀ ကြာ ဘောလုံးကန်လာခဲ့တာကနေ အနားယူတော့မယ်လို့ ကြေညာသွားပါတယ်။

အသက်၃၇ နှစ်ရှိပြီဖြစ်တဲ့ Henry က facebook မှာ ဒီကနေ့ပဲ ကြေညာသွားတာဖြစ်ပြီး သူ့အခေါ် သိပ်ထူးခြားခဲ့တဲ့ ဘဝခရီးအတွက် သူ့ပရိသတ်တွေကို ကျေးဇူးတင်သွားခဲ့ပါတယ်။

Henry က ပြင်သစ်အတွက် ကမ္ဘာ့ဖလားနဲ့ ဥရောပ ချံပီယံဖလားတို့ ယူပေးခဲ့တာဖြစ်ပြီး ခေတ်သစ်ဘောလုံးသမိုင်းမှာ အတော်ဆုံး ဘောလုံးသမားတဦး လည်း ဖြစ်ပါတယ်။ ရှေ့တန်းတိုက်စစ်မှူးအဖြစ် ပြင်သစ်နိုင်ငံအသင်းအတွက် နိုင်ငံတကာပွဲစဉ် ၁၂၃ ပွဲ ကစားခဲ့ပြီး ဂိုးပေါင်း ၅၁ ဂိုး စံချိန်တင် သွင်းထားသူ ဖြစ်ပါတယ်။

ဒါပေမဲ့ သူဟာ Arsenal အသင်းနဲ့ နာမည်ကြီးတာပါ။ Arsenal အတွက် ဂိုးပေါင်း ၂၂၈ ဂိုး သွင်းပေးခဲ့ပြီး အဲဒီထဲက ၁၇၅ ဂိုးက Premier League ပွဲစဉ်တွေအတွက် ဖြစ်ပါတယ်။ Henry ဟာ နောက်ဆုံး အမေရိကန် ပြည်ထောင်စုက New York Red Bulls အသင်းမှာ လာကစားသွားပြီး အဲဒီမတိုင်ခင်ကတော့ Bercelona အသင်းနဲ့ ဘောလုံးပွဲရာသီ ၃ ရာသီ် ကစားခဲ့ပါတယ်။

Henry က ဘောလုံးအသင်းမန်နေဂျာလုပ်ဖို့ စိတ်ဝင်စားကြောင်း အရင်ကတည်းက သတင်းထွက်နေတာပါ။ အခုလောလောဆယ်မှာတော့ သူက London မြို့တော်မှာ Sky Sports ရုပ်သံလိုင်းအတွက် ဘောလုံးပွဲသုံးသပ်သူအဖြစ် အလုပ်လုပ်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG