သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား Ruble ငွေ တန်ဘိုးထိုးကျ


ရုရှားပြည်တွင်းသုံး Ruble ငွေတန်ဖိုးဟာ အင်္ဂါနေ့က အနိမ့််ဆုံးအဆင့်ကို ထိုးကျသွားပါတယ်။ အခုလို အလျှင်အမြန် ငွေကြေးတန်ဖိုးထိုးကျမှုကို ကယ်ဆယ်နိုင်ဖို့ အရေးပေါ် ကြိုးစားမှုအဖြစ် ၁၆ နှစ်အတွင်း အမြင့်ဆုံးအတိုးနှုန်းကို ဗဟိုဘဏ်က ချမှတ်ခဲ့တဲ့ကြားက အခုလို ငွေတန်ဖိုး ထိုးကျခဲ့တာဖြစ်ပါတယ်။

အမေရိကန် ၁ ဒေါ်လာကို Ruble ငွေ ၈၀၊ ၁ ယူရို Ruble ငွေ ၁၀၀ ငွေလဲနှုန်းအထိ ထိုးကျခဲ့ပြီးနောက် မော်စကိုငွေကြေးဈေးကွက်မှာ အင်္ဂါနေ့နှောင်းပိုင်းက ဆုံးရှုံးမှုတချို့ကို ပြန်ရနိုင်ခဲ့ပါတယ်။ ဒီနှစ်အတွင်း အနောက်နိုင်ငံ ငွေကြေးတွေနဲ့ ငွေလဲလှယ်မှုတန်ဖိုးဟာ ၆၀% နီးပါး ကျဆင်းခဲ့တာပါ။

ဒီငွေကြေးပဋိပက္ခကို ဖြေရှင်းနိုင်ဖို့ အထောက်အကူပြုမယ့် အရေးယူဆောင်ရွက်မှုတချို့ ယူနိုင်ဖို့ ရုရှားစီးပွားရေးဝန်ကြီး Alexei Ulyukayev က အရေးပေါ် အစည်းအဝေးပြီး ပြောဆိုခဲ့ပေမဲ့ နိုင်ငံခြားငွေကြေး ဝယ်ယူမှုအပေါ် တင်းကျပ်တဲ့ ထိန်းချုပ်မှု ပြုလုပ်မှာမဟုတ်ဘူးလို့ သူက ပြောပါတယ်။

Ruble ငွေကြေးတန်ဖိုးထိုးကျမှုကို ထိန်းချုပ်ဖို့ အတိုးနှုန်းကို ၁၀.၅% ကနေ ၁၇% နှုန်းထိ မော်စကိုဗဟိုဘဏ်က သိသိသာသာ တိုးမြှင့်ခဲ့ပေမဲ့ Ruble ငွေတန်ဖိုး ထိုးကျခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG