သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ကျောင်း တာလီဘန်တိုက်ခိုက်မှု နိုင်ငံတကာတုန်လှုပ်


ပါကစ္စတန်နိုင်ငံ ကျောင်းတကျောင်းမှာ အင်္ဂါနေ့က ကျောင်းသားအရွယ် အများစုပါဝင်တဲ့ လူ ၁၅၀ နီးပါး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကို တာဝန်ယူလုပ်ဆောင်ကြောင်း တာလီဘန် စစ်သွေးကြွအဖွဲ့က ကြေညာခဲ့ပြီး နာရီပိုင်းအတွင်းမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ဒီတိုက်ခိုက်မှုအပေါ် နိုင်ငံတကာရဲ့ ရှုတ်ချမှုကို ဦးဆောင်လိုက်ပါတယ်။

ဒီရက်စက်ကြမ်းကြုတ်မှုကို ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့အကြောင်း ဘယ်မကျေနပ်မှုကြောင့်မှ အခုလို တုန်လှုပ်ဖွယ်ရာ လက်တုံ့ပြန်မှု မပြုလုပ်သင့်ကြောင်း မစ္စတာ ဘန်ကီမွန်က ပြောလိုက်ပြီး ပါကစ္စတန်ရှိ ပက်ရှဝါမြို့ စစ်တပ်ဖွင့်ထားတဲ့ကျောင်းမှာ အကာကွယ်မဲ့ ကလေးတွေအပေါ် အခုလို ကျူးလွန်မှုဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

တူရကီအစိုးရကလည်း အခုလို သေဆုံးသူတွေအတွက် ဝမ်းနည်းကျေကွဲတဲ့နေ့ သတ်မှတ်လိုက်ပြီး လွန်ခဲ့တဲ့ ၂ နှစ်က တာလီဘန်တို့ သေနတ်နဲ့ ပစ်ခံခဲ့ရတဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် မာလာလာ ယူဆွပ်ဇိုင် ကလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် စည်းလုံးညီညွတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

အိမ်နီးချင်း အာဖဂန်နစ္စတန်ရှိတဲ့ တာလီဘန် စစ်သွေးကြွတွေကလည်း အခုလို သတ်ဖြတ်မှုဟာ အစ္စလာမ်ဘာသာနဲ့ ဆန့်ကျင်တယ်လို့ ဝေဖန်လိုက်ပါတယ်။ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ဒီတိုက်ခိုက်မှုဟာ ကြောက်မက်တုန်လှုပ်ဖွယ်ရာကောင်းပြီး အကြမ်းဖက်သမားတွေဟာ သူတို့ရဲ့ သဘောထားနိမ့်ကျမှုကို ထပ်မံပြသရာရောက်တယ်လို့ ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG