နိုက်ဂျီးရီးယား ဒေသခံနဲ့ အရာရှိတွေက နိုင်ငံ အရှေ.မြောက်ပိုင်းမှာ Boko Haram အဖွဲ့ဝင်လို့ သံသယရှိထားသူတွေလက်ချက်ကြောင့် လူပေါင်း ၃၂ ဦး သေဆုံးပြီး၊ နောက်ထပ် ၁၀၀ ကျော် ပြန်ပေးဆွဲခံခဲ့ရတယ်လို့ ဆိုပါတယ်။
Gumsuri ရွာမှာဖြစ်ခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ တနင်္ဂနွေနေ့မှာ ဖြစ်ခဲ့တာလို့ Maiduguri မြို.ကို ထွက်ပြေးလာတဲ့ ဒီရွာသားတွေက ရှင်းပြခဲ့ပါတယ်။ ဒါပေမဲ့ ဒီရွာနားတဝိုက်မှာ အစောပိုင်း တိုက်ခိုက်မှုတခုကြောင့် လက်ကိုင်ဖုန်း ဆက်သွယ် ကွန်ယက် ပျက်စီးသွားခဲ့တာမို့ ဒီသတင်းမထွက်နိုင်ပဲ ရက်အတန်ကြာမှ အခုလိုထွက်လာတာပါ။
တကယ်တော့ ခုလိုဖြစ်ခဲ့တဲ့ Gumsuri ရွာဟာ Boko Haram အဖွဲ့က ဒီနှစ်ဧပြီလတုံးက ကျောင်းသူ ၂၀၀ ကျော်ကို ပြန်ပေးဆွဲခဲ့တဲ့ Chibok ရွာအနားမှာ တည်ရှိတာပါ။ CNNရုပ်မြင်သံကြားမှာ ဒီ Gumsuri ဒေသခံတဦးကို ကိုကားပြီး သေနတ်သမားတွေဟာ ဒီရွာကို နှစ်ဖက်ညှပ်ပိတ်ဝင်လာပြီး လက်နက်ကြီးတွေပစ်ထည့်တာနဲ့ အိမ်တွေကို ရေနံဆီနဲ့မီးရှို့တာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
Abuja မြို့မှာတော့ နိုက်ဂျီးရီးယား စစ်ခုံရုံးတခုက နိုင်ငံအရှေ.မြောက်ပိုင်းမှာ Boko ံHaram ကို တိုက်ခိုက်ဖို့ ငြင်းဆန်ခဲ့တဲ့ စစ်သား ၄၅ ဦးကို သေဒဏ်တွေ ချမှတ်ခဲ့ပါတယ်။