သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိကျောင်းကန် သပိတ် အားပေးသူ ကိုဝေဠု ကိုဖမ်းဆီး


ကိုဝေ ဠု ကို ရဲလုံခြုံရေးတွေ ခေါ်ဆောင်။ (သတင်းဓာတ်ပုံ ကိုကျော်လွင် FB)
ကိုဝေ ဠု ကို ရဲလုံခြုံရေးတွေ ခေါ်ဆောင်။ (သတင်းဓာတ်ပုံ ကိုကျော်လွင် FB)

ရန်ကုန်မြို့တော်ခန်းမရှေ့သပိတ်မှောက်ဆန္ဒပြနေတဲ့ မိကျောင်းကန်ပြည်သူများကို ပံ့ပိုး ကူညီနေသူတဦးဖြစ်တဲ့ တက်ကြွလှုပ်ရှားသူ ကိုဝေဠု ကို မြန်မာ အာဏာပိုင်တွေက ဖမ်းဆီးပြီး ဆူပူအောင် လှုံ့ဆော်မူ ပုဒ်မ ၅၀၅ (ခ)နဲ့ ကျောက်တံတားမြို့နယ်မှာ ရုံးထုတ်ခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်း ပေးပို့ထားပါတယ် ။

လယ်သမားရေး၊ အလုပ်သမားရေးကိစ္စတွေ နဲ့ မိကျောင်းကန်သပိတ်က ဆန္ဒပြနေသူတွေကို ကူညီပေးနေတဲ့ ကိုဝေဠုကို ဗဟန်းမြို့နယ် စားသောက်ဆိုင်တခုအတွင်း ဝင်ရာက်ပြီး ရဲအင်အားတွေနဲ့ အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒီမိုကရေစီ အင်အားစုများအဖွဲ့က နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဘမြင့်က ပြောပြပါတယ်။

" ၅၀၅ (ခ) နဲ့ ဖမ်းတာ၊ မနေ့က ည ၈နာရီ ၃၄ လောက်မှာ ဖမ်းတာပေါ့နော်။ ကျနော်တို့ နှင်းဆီကုန်း ဘိုးဘွားရိပ်သာ ပတ်ဝန်းကျင်မှာ ပွင့်သစ်စ ဆိုတဲ့ စားသောက်ဆိုင် ရှိတယ်ခင်ဗျ။ အဲ့ဒီ့နားမှာ ဖမ်းတာပါ ခင်ဗျာ။ ဖမ်းတဲ့သူတွေက ဆယ်ယောက်ကျော်တယ်။ အင်အားနဲ့ပေါ့နော်။ အဲ့တာကိုလည်း ကားပေါ်ကိုလည်း အဓမ္မ တွန်းတင်သွားတယ်ပေါ့နော်။ အဲ့လိုပုံစံမျိုးနဲ့ ဖမ်းသွားတော့ ကျနော်တို့လည်း တော်တော်စိုးရိမ်သွားတာပေါ့။ ရုံးထုတ်တာ ဒီနေ့ မနက်မှာ ကျနော်တို့ကိုလည်း အသိမပေးပဲနဲ့ ကျောက်တံတားမြို့နယ် တရားရုံးမှာ ထုတ်ပါတယ်။ အနောက်ပိုင်း ခရိုင် တရားရုံးပေါ့နော်။ အဲ့ဒီ့တရားရုံးမှာ ထုတ်ပါတယ်။ ကျနော်တို့ကို အကြောင်းကြားတာပေါ့နော်။ ကျနော်တို့ တဖွဲ့လုံး လိုက် သွားကြတယ်။ မမှီလိုက်ပါဘူး ခင်ဗျာ။ အဲ့ဒီ့အချိန်မှာ သူတို့ ကားပေါ် တင်ပြီးတော့ အင်းစိန်ကို ပို့လိုက်ပါပြီခင်ဗျ။"

ကိုဝေဠုကို ကျောက်တံတားမြို့နယ် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ မိသားစုတွေ ရှေ့နေတွေ မပါပဲ ရုံးတင်ရမန်ယူခဲ့ပြီး လာမယ့် ဇန်နဝါရီ၂ရက်နေ့မှာ ထပ်မံ ရုံးထုတ် စစ်ဆေးမယ်လို့ သိရပါတယ်။ တက်ကြွလှုပ်ရှားသူများ နောက်ကနေ လိုက်လံ စောင့်ကြည့်မူတွေတွေဟာ အရင်စစ်အစိုးရ လက်ထက်မှာလိုပဲ လုပ်နေတဲ့ အကြောင်း ကိုဝေဠုကိုတော့ မဖမ်းခင်ကတည်း စောင့်ကြည့်သတင်းယူမူတွေကို လုပ်ခဲ့တယ်လို့ ဦးဘမြင့်က ဆိုပါတယ်။

" သတင်းအများဆုံး တက်နေတာက ဝေဠု ဆီက တက်နေတာဖြစ်တဲ့ အတွက် ဝေဠုကို နှိပ်ကွပ်လိုက်တဲ့ သဘောလို့ ကျနော်တို့က အဲ့သလို မြင်ပါတယ်ခင်ဗျ။ ဝေဠု က ဗွီဒီယိုရိုက်တယ်။ Facebook တွေ တင်တယ်။ အဲ့လိုဟာမျိုးတွေ တင်တာ ဝေဠုက အဓိကဖြစ်နေတော့ ဝေဠု ကို မဲတဲ့သဘောမျိုး ကြိုပြီးတော့ ကျနော်တို့ ကြားရပါတယ်ခင်ဗျ။ စစ်အစိုးရပုံစံအတိုင်းပဲ။ အဲ့ဒီ့မတိုင်ခင်ကတည်းက ဝေဠု ရဲ့နောက်ကို လိုက်နေတာလည်း ကျနော်တို့တွေ့ရတယ်။ ကျနော်ကို ဝေဠု နုတ်ဆက်ပြီးတော့ ဝေဠုထွက် အသွားမှာ သူ့နောက်ကို ထောက်လှမ်းရေးတွေက အများကြီး လိုက်သွားတဲ့အတွက် ကိုဝေဠု အန္တရာယ်ကြီးနေပြီဆိုတာ ကျနော်တို့ ရိပ်မိပါတယ်ခင်ဗျ။ "

ကိုဝေဠုကို မိကျောင်းကန် သပိတ်ကို ခေါင်းဆောင်နေသူအဖြစ် အာဏာပိုင်တွေက ယူဆထားပြီး ဖမ်းဆီးပြီး သူကို ဆူပူအောင် လှုံဆော်မူနဲ့ ချက်ခြင်းတရားစွဲဆိုခဲ့တာပါ။ သူကိုဖမ်းဆီးခဲ့မူနဲ့ ပတ်သက်လို့ ကျာက်တံတားရဲစခန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူူး။

ကိုဝေဠုဟာ မိကျောင်းကန် သပိတ်ကို ဦးဆောင်နေသူမဟုတ်တဲ့ အကြောင်း ကူညီပံ့ပိုးနေသူ တဦးသာဖြစ်တဲ့အကြောင်း ဦးဘမြင့်ကဆက်ပြောပြပါတယ်။

" ကူညီပံ့ပိုးသူပါပဲ။ ကျနော်တို့လို ကူညီပံ့ပိုးသူပါပဲခင်ဗျ။ သဘောကတော့ ကူညီတာတော့ ကူညီတယ်ပေါ့ဗျာနော်။ ကူညီတာတော့ ပတ်သက်တာပေါ့နော်။ ကျနော်တို့ ကူညီနေတာလည်း ကျနော်တို့ ပတ်သက်တာပေါ့။ လာပြီးတော့ ကူညီတဲ့သူတွေဟာ ၃၆မြို့နယ်မှာ ကျနော်တို့ မြို့နယ် ၃၀လောက်ကတော့ လာပြီးတော့ နေ့စဉ် ညစဉ် လာလာပြီးတော့ သတင်းမေးတာတို့ အားပေးတာတို့ ဒါမျိုးတွေတော့ ရှိနေပါတယ်ခင်ဗျ။ ဆုံးဖြတ်ချက်တွေကိုလည်း မိကျောင်းကန် မိသားစုတွေက သူတို့က သူတို့ ချမယ်။ ဒါမျိုး ဖြစ်သင့်တယ်။ သူတို့ကိုသူတို့လည်း ဒီလိုင်းကို တင်ထားတယ်။ သူတို့ တက်တဲ့လိုင်းဟာ သူတို့ကိုယ်တိုင် လုပ်နိုင်တဲ့ လိုင်းမျိး သူတို့ချထားတယ်ခင်ဗျ။"

ဒီရက်ပိုင်းအတွင်းမှာပဲ တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှ ကို ၈လေးလုံးနှစ်ပတ်လည် ဆန္ဒပြလမ်းလျောက်မှု ပုဒ်မ၁၈နဲ့ ဗုိလ်တထောင် တရားရုံးက ဆင့်ခေါ်ထားသလို ရဲအထူးသတင်းတပ်ဖွဲ့ကလည်း စောင့်ကြည့်မူတွေ လုပ်နေပါတယ်။ ဒေါ်နော်အုန်းလှကို လည်း ၂၀၀၇ခုနှစ်က ရွှေတိဂုံဘုရားပေါ်မှာ ရှိခိုးဆုတောင်းမူတွေ လုပ်တဲ့အတွက် ပုဒ်မ၂၉၆နဲ့လည်း တရားစွဲဆို ထားကြောင်း ပြောပြပါတယ်။

အခုဖမ်းဆီးခံရတဲ့ ကိုဝေဠုဟာ လက်ပန်းတောင်းအရေးနဲ့ လယ်သမား လှုပ်ရှားမူတွေ ကို ဦးဆောင်တဲ့သူ အဖြစ် ပုဒ်မ ၁၈နဲ့ပဲ မကြာခဏ ဖမ်းဆီးခံနေရသူပါ။ သူဟာ ပုဒ်မ ၁၈ ခွင်ြ့ပုမိန့်မရပဲ စီတန်းလှည့်လည်မှုနဲ့ ထိန်းသိမ်းခံရပြီး အင်းစိန်ထောင်ကနေ ပြီးခဲ့တဲ့လကမှ ပြန်လည် လွတ်မြောက်လာခဲ့သူဖြစ်ပါတယ်။

XS
SM
MD
LG