"လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲအတွက် မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ဟာ မြန်မာအရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ ရန်ကုန် အမေရိကန်သံရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဆိုပါအဖွဲ့တွေက လက်တွေ့ ရင်ဆိုင်နေရတဲ့ အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေကို တင်ပြခဲ့ကြပါတယ်။"