သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ဘောဖျက် ဒုံးကျည်သစ် မြောက်ကိုရီးယား စမ်းသပ်


မြောက်ကိုရီးယားနိုင်ငံဟာ ပစ်မှတ်ကို အတိအကျ ထိမှန်အောင်ပစ်ခတ်နိုင်တဲ့ သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည် အသစ်တစင်းကို စမ်းသပ်လိုက်တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက စနေနေ့မှာ ကြေညာပါတယ်။

တောင်ကိုရီးယားနဲ့အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်မှုမစခင်မှာ အခုလို ဒုံးကျည်ပစ်လွှတ် စမ်းသပ်တာဖြစ်ပါတယ်။ ဒီ စစ်ရေး လေ့ကျင့်မှုကို မြောက်ကိုရီးယားက ပြစ်တင်ဝေဖန်ထားတာပါ။

ဒုံးကျည် ပစ်ခတ်စမ်းသပ်တဲ့ နေ့ရက် ဒါမှမဟုတ် နေရာကို နိုင်ငံပိုင်သတင်းဌာနကမပြောဘဲ ခေါင်းဆောင် ကင်မ် ဂျူံ အန်းန် ကြည့်ရှုခဲ့တယ်လို့ ဖော်ပြပါတယ်။

တိုက်ချင်းပစ်ဒုံးကျည်ဟာ ရုရှားကထုတ်တဲ့ လက်နက်တမျိုးနဲ့ ဆင်တူပုံရတယ်လို့ သတင်းဌာနတွေက မေးမြန်းတဲ့ ကျွမ်းကျင်သူ တွေကပြောပါတယ်။ ရုရှားလုပ်ဒုံးကျည်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာအနည်းငယ်ကနေ အင်မတန်မြန်တဲ့နှုန်းနဲ့ ကပ်ပျံနိုင်ပါတယ်။

မြောက်ကိုရီးယားဟာ နျူကလီယားနဲ့ ဒုံးကျည်ထုတ်လုပ်ရေး အစီအစဉ်တွေကြောင့် နိုင်ငံတကာရဲ့ အရေးယူဒဏ်ခတ်မှုတွေနဲ့ အပြင်းအထန် ဖိအားပေးခံနေရပါတယ်။

XS
SM
MD
LG