သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာအရေး စက်မှုထိပ်သီး ၇ နိုင်ငံဆွေးနွေး


G-7 အစည်းအဝေးအပိတ် သတင်းစာရှင်းလင်းပွဲအတွင်းက အမေရိကန်သမ္မတ ဘာရတ်အိုဘားမား။ (ဇွန် ၈၊ ၂၀၁၅)
G-7 အစည်းအဝေးအပိတ် သတင်းစာရှင်းလင်းပွဲအတွင်းက အမေရိကန်သမ္မတ ဘာရတ်အိုဘားမား။ (ဇွန် ၈၊ ၂၀၁၅)

ကမ္ဘာ့စက်မှုအင်အားကြီး ၇ နိုင်ငံရဲ့ G7 ထိပ်သီး စည်းဝေးပွဲ ဒုတိယနေ့နဲ့ နောက်ဆုံးနေ့အဖြစ် ဒီကနေ့ ဂျာမနီနိုင်ငံမှာ ခေါင်းဆောင်တွေ ဆက်လက် တွေ့ဆုံ ဆွေးနွေးနေကြပြီး ရာသီဥတု ပြောင်းလဲလာခြင်းနဲ့ စွမ်းအင်လိုအပ်ချက်ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးနေကြသလို အာဖရိကနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ကြပါတယ်။

G-7 စက်မှုထိပ်သီး ၇ နိုင်ငံက ခေါင်းဆောင်တွေ (ဇွန် ၈၊ ၂၀၁၅)
G-7 စက်မှုထိပ်သီး ၇ နိုင်ငံက ခေါင်းဆောင်တွေ (ဇွန် ၈၊ ၂၀၁၅)

ထိပ်သီးဆွေးနွေးပွဲ တနင်္ဂနွေနေ့က မစတင်ခင် အမေရိကန်သမ္မတ Barack Obama နဲ့ ဂျာမနီဝန်ကြီးချုပ် Angela Merkel တို့ သီးခြား တွေ့ဆုံခဲ့ကြပြီး ယူကရိန်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ပတ်သက်လို့ ရုရှားဘက်က လုပ်ဆောင်ပုံပေါ်မူတည်ပြီး ရုရှားအပေါ် စီးပွားရေးအရ ဒဏ်ခတ်မှုတွေ ဘယ်လောက်ကြာကြာ ဆက်ထားသင့်သလဲဆိုတဲ့အပေါ်မှာ နှစ်နိုင်ငံ သဘောတူညီချက် ရယူခဲ့ကြတယ်လို့ သမ္မတအိမ်ဖြူတော်က ပြောပါတယ်။

ယူကရိန်းအရေးမှာ ရုရှားရဲ့လုပ်ဆောင်မှုတွေကြောင့် ရုရှားအစိုးရအနေနဲ့ G7 စက်မှုအင်အားကြီး နိုင်ငံအဝန်းအဝိုင်းရဲ့ စံတန်ဖိုးတွေနဲ့မတန်ဘူးလို့ ဂျာမနီဝန်ကြီးချုပ် မာခဲလ်က ဂျာမန်အသံလွှင့်ဌာန ARD ကို ပြောပါတယ်။ လောလောဆယ်မှာ အဟန့်အတားတွေရှိနေပြီး ဒါကို ဘယ်လို ကျော်ဖြတ်ရမလဲ ဆိုတာတော့ မသိသေးဘူးလို့ ဝန်ကြီးချုပ် မာခဲလ်က ပြောခဲ့တာပါ။

စက်မှုအင်အားကြီးနိုင်ငံတွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို ရုရှားသမ္မတ Vladimir Putin တက်ရောက်ဖို့ မဖိတ်ခေါ်တာဟာ ဒီနှစ် ဒုတိယနှစ် ဖြစ်သွားပါပြီ။ ယူကရိန်းနိုင်ငံ ခရိုင်းမီးယားဒေသကို ရုရှားနိုင်ငံထဲ သွတ်သွင်းခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ်က သူ့ကို ထိပ်သီးအစည်းအဝေးကနေ ပယ်ခဲ့တာပါ။

XS
SM
MD
LG