ကျင်းပနေတဲ့ ဆီးဂိမ်းအားကစားပြိုင်ပွဲမှာ U23 မြန်မာဘောလုံးအသင်းဟာ ဗီယက်နာမ်အသင်းကို အနိုင်ရပြီး ဗိုလ်လုပွဲကို တတ်ရောက်သွားပြီဖြစ်ပါတယ်။ မြန်မာအသင်းဟာ ဗီယက်နာမ်အသင်းကို နှစ်ဂိုး တဂိုးနဲ့အနိုင်ရပြီး၊ လာမယ့် တနင်းလာနေ့မှာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဗိုလ်လုပွဲကို ထိုင်းနဲ့ဖြစ်စေ အင်ဒိုနီးရှားနိုင်ငံနဲ့ဖြစ်စေ ကစားရမှာဖြစ်ပါတယ်။
ဒီကနေ့အနိုင်ရတဲ့ ကစားပွဲမှာတော့ ပထမပိုင်းအချိန်မှာပဲ မြန်မာဖက်က ပြစ်ဒဏ်ဘောရပြီး ကျောနံပါတ်၅ စည်သူအောင်က ပထမဆုံး ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဗီယက်နမ်အသင်းက ချေပဂိုးသွင်းယူပါတယ်။ ဗီယက်နာမ်က ချေပဂိုးသွင်းယူပြီး ၈မိနစ်အကြာမှာပဲ မြန်မာအသင်းဖက်က နံပါတ် ၈ နေလင်းထွန်းက ဒုတိယဂိုးကို သွင်းယူခဲ့တာကြောင့် ပွဲအပြီးမှာ မြန်မာက ဗီယက်နာမ်ကို နှစ်ဂိုး တဂိုးနဲ့အနိုင်ရသွားတာပါ။ ဒီကနေ့ညမှာပဲ ထိုင်းအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ကလည်း အကြိုဗိုလ်လုပွဲကစားဖို့ရှိနေပြီး၊ အဲဒီအနိုင်ရတဲ့အသင်းနဲ့ မြန်မာအသင်းတို့ လာမယ့် တနင်းလာနေ့ ဇွန်လ ၁၅ ရက်နေ့မှာ ဗိုလ်လုပွဲ ကစားရမှာဖြစ်ပါတယ်။