သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kobani မှာ ကာ့ဒ်နဲ့ IS တိုက်ပွဲပြင်းထန်


Kobani မြို့။
Kobani မြို့။

ဆီးရီးယားနိုင်ငံမြောက်ပိုင်းက Kurd လူမျိုးတွေထိန်းချုပ်ထားတဲ့ နယ်စပ်မြို့Kobani နဲ့ အစိုးရ ထိန်းချုပ်ထားတဲ့ Hasaka မြို့ကိုIS စစ်သွေးကြွတွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ပါတယ်။ အခုရက်ပိုင်းတွေအတွင်း ဆီးရီးယားမြောက်ပိုင်းမှာ ကာ့ဒ် တပ်ဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ပွဲတွေဖြစ်ပွါးခဲ့တာမှာ IS တွေဟာ အရှုံးနဲ့ ရင်ဆိုင်ရပြီးနောက် အခုလို ပြန်လည် ထိုးစစ်ဆင်လာတာပါ။

တူရကီနယ်စပ်အနီး ကိုဘန်နီမြို့နားမှာ ဒီကနေ့ ကြာသပတေးနေ့ မနက် အစောပိုင်းက အသေခံဗုံးခွဲတိုက်ခိုက်မှုနဲ့ ဒီထိုးစစ်ကို စတင်လိုက်တာပါ။ အဲဒီတိုက်ခိုက်မှုအတွင်း လူ ဒါဇင်အတော်များများ သေဆုံးခဲ့တာ ဒါမှမဟုတ် ဒဏ်ရာရလိမ့်မယ်လို့ ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့တခုက ပြောပါတယ်။

ဗြိတိန်အခြေစိုက် အဲဒီအဖွဲ့က Kobani မြို့တောင်ဘက် Barkh Butan မြို့မှာ IS အစွန်းရောက်တွေဟာ Kard အရပ်သား ၂၀ ထက်မနည်းကိုလည်း သတ်ဖြတ်ခဲ့ပြီး အဲဒီထဲမှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ဆိုပါတယ်။ အမေရိကန်လေကြောင်း တိုက်ခိုက်ရေးအကူအညီယူပြီး IS တွေနဲ့ အပြင်းအထန် ရင်ဆိုင်တိုက်ကြပြီးနောက် Kard တိုက်ခိုက်ရေးသမားတွေဟာ Kobani မြို့ကို ဇန်နဝါရီလတုန်းက သိမ်းယူနိုင်လိုက်တာပါ။

ဒီကနေ့မှာပဲ အစိုးရတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ အရှေ့မြောက်ပိုင်း Hasaka မြို့က နေရာ နှစ်ခုကို IS တွေက သိမ်းယူခဲ့တယ်လို့ လူ့အခွင့်အရေး အဖွဲ့က ပြောပေမယ့် စစ်ဖက်ကလာတဲ့သတင်းတွေအရ အစိုးရတပ်တွေက စစ်သွေးကြွတွေကို ဟန့်တားထားနိုင်ခဲ့တယ်လို့ ရိုက်စ်တာ သတင်းမှာ ဖေါ်ပြထားပါတယ်။

Hasaka မြို့ကို ကာ့ဒစ်ရှ်နဲ့ ဆီးရီးယားအစိုးရတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာဖြစ်ပြီး အဲဒီမြို့ကို သိမ်းပိုက်ဖို့ IS တွေက အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။ ဒီအတောအတွင်း သူပူတွေစုပေါင်းဖွဲ့ထားတဲ့ တောင်ပိုင်းမဟာမိတ်တပ်ဦးက တောင်ပိုင်းမြို့Daraa မှာရှိတဲ့ အစိုးရတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေပြင်းပြင်ထန်ထန်ဖြစ်ပွါးတာမှာ လူ ၆ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရသွားတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောဆိုပါတယ်

XS
SM
MD
LG