သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလူတိုဂြိုဟ် ဓာတ်ပုံတွေ NASA ထုတ်ပြန်


အီကွေတာနားက ပလူတိုဂြိုဟ်ပုံကို NASA က ရိုက်ထားပုံ။
အီကွေတာနားက ပလူတိုဂြိုဟ်ပုံကို NASA က ရိုက်ထားပုံ။

New Horizons လို့အမည်ပေးထားတဲ့ အာကာသ စူးစမ်းလေ့လာရေးယာဉ်က ပြန်ပို့လိုက်တဲ့ ကာလကြာရှည်စောင့်စားခဲ့ရတဲ့ ပလူတို ဂြိုဟ်မျက်နှာပြင်မှာ ရေခဲတောင်တွေကို ပြသထားတဲ့ပုံကို NASA ခေါ် အမေရိကန်အာကာသအေဂျင်စီက ထုတ်ပြန်လိုက်ပါတယ်။

ဒီဓါတ်ပုံတွေအရ ပလူတိုဂြိုဟ်ကို ဝန်းရံနေတဲ့ Hydra နဲ့ Charon လတွေရဲ့ အသေးစိတ်တွေကိုလည်း ထင်ရှားစွာတွေ့ရှိခဲ့ပါတယ်။ ဒီအံသြဖွယ်ရာကောင်းတဲ့ ဓါတ်ပုံတွေကို အင်္ဂါနေ့က ပလူတိုဂြိုဟ်ဘေး ကနေ ကီလိုမီတာ သောင်း နှစ်ထောင့်ငါရာအကွာမှာ ဖြတ်သန်းခဲ့တဲ့ New Horizons အာကာသ စူးစမ်းလေ့လာရေးယာဉ်ကနေ ရယူခဲ့တာဖြစ်ပါတယ်။

ဒီဓါတ်ပုံတွေအရ ပလူတိုဂြိုဟ်ရဲ့မျက်နှာပြင်မှာ မီတာ သုံးထောင့်ငါးရာအမြင့်ရှိတဲ့ တောင်တန်းတွေကိုတွေ့ရှိခဲ့ရပါတယ်။ သိပ္ပံညာရှင်တွေကတော့ ဒီတောင်တန်းတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း တရာနီးပါးက ဖြစ်ပေါ်ခဲ့တယ်လို့ ခန့်မှန်းပြီး ဒါဟာ နေစကြာဝဋာအဖွဲ့အစည်းရဲ့သက်တမ်းနှစ်ပေါင်း ၄.၅၆ ဘီလီယံ သမိုင်း သက်တမ်းထက်စာရင် တိုတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒီဂြိုဟ်ပေါ်မှာ ထူးခြားမှုတခုကတော့ ချိုင့်ဝှမ်းတွေကို မတွေ့ရှိရဘူးလို့ သိပ္ပံပညာရှင်တွေကပြောပါတယ်။

XS
SM
MD
LG