မြန်မာတနိုင်ငံလုံး ဒိမိုကရေစီရေးတောင်းဆိုအုံကြွခဲ့တဲ့ ၈၈ လူထုအရေးတော်ပုံ ၂၇ နှစ် ပြည့်ပါပြီ။ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုမှာတော့ ၁၉၂၀-၃၀ များကာ ကျောင်းသားခေါင်းဆောင်တွေဟာ ၁၉၄၀-၅၀ မြန်မာ့နိုင်ငံရေးမှာ အဓိက ဦးဆောင်သူတွေဖြစ်ခဲ့ပါတယ်။ ၈၈ လှုပ်ရှားမှုကို စတင် ဦးဆောင်ခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်တွေဟာဆိုလည်း နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံရော အသက်အရွယ်အရပါ တစုံတရာရရှိလာကြပြီဖြစ်ပါတယ်။ ၈၈ ကျောင်းသားခေါင်းဆောင်တွေအနေနဲ့ ဒီကနေ့မြန်မာ့နိုင်ငံရေးထဲ ဘယ်လိုအခန်းကဏ္ဍမှာ ရှိနေပါပြီလဲ၊ မြန်မာနိုင်ငံရေးမျိုးဆက်သစ်ခေါင်းဆောင်မှုတရပ်အဖြစ် ရပ်တည်လာဖို့ အခွင့်အလမ်း အခြေအနေ ဘယ်လောက်အထိ ရှိပါလဲ။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနဲ့ မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းတို့က စနေညပိုင်းတိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဦးဆောင်ဆွေးနွေးသုံးသပ်ထားပါတယ်။