သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာရပါတီတွင်းကိစ္စလား မြန်မာ့နိုင်ငံရေးအကြပ်အတည်းလား


သြဂုတ် ၁၅၊ ၂၀၁၅။ အာဏာရ ကြံခိုင်ရေးပါတီဟာ ယာယီဥက္ကဌ သူရဦးရွှေမန်းကို ရာထူးကနေ ဖယ်ရှားလိုက်တဲ့ကိစ္စဟာ အာဏာရပါတီရဲ့ ပါတီတွင်းကိစ္စသက်သက်မဟုတ်တော့ပဲ မြန်မာ့နိုင်ငံရေးကိုပါ သက်ရောက်မှုရှိတယ်လို့ သုံးသပ်သူတွေက ယူဆပါတယ်။ အထူးသဖြင့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပါဝင်ပတ်သက်လာတဲ့အပေါ်မှာ၊ စိုးရိမ်မကင်းဖြစ်မှုတွေလည်း တွေ့ရပါတယ်။ ကြံခိုင်ရေးပါတီတွင်း ခေါင်းဆောင်မှုအပြောင်းအလဲအပါအဝင် အခု အခြေအနေကိုကြည့်မယ်ဆိုရင်၊ ယခင်စစ်အစိုးရလိုပဲ အာဏာရပါတီအနေနဲ့ အာဏာကို အလျှော့ပေးမယ်လက္ခဏာမရှိဘူးဆိုတာ ပြနေတာလို့ သုံးသပ်မှုလည်း ရှိနေပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကို အခုလို ပါတီဥက္ကဌက ဖယ်ရှားခဲ့တဲ့ ဂယက်နဲ့ပတ်သက်လို့ ဗွီအိုအေ စနေညပိုင်း တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်း၊ ယနေ့ခေတ်မဂ္ဂဇင်း အယ်ဒီတာချုပ်ဦးသက်ဇင်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းတို့ ဦးဆောင်ဆွေးနွေးထားကြပါတယ်။

XS
SM
MD
LG