သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မြို့ပြ ဘေးအန္တရာယ်ကင်းရှင်းရေး ပညာရှင်တဦးအမြင်

Mingalar Market
1/8 Mingalar Market
အသေးစိတ် ဖတ်ရှုရန် Show less
Mingalar Market
2/8 Mingalar Market
အသေးစိတ် ဖတ်ရှုရန် Show less
Mingalar Market
3/8 Mingalar Market
အသေးစိတ် ဖတ်ရှုရန် Show less
Mingalar Market
4/8 Mingalar Market
အသေးစိတ် ဖတ်ရှုရန် Show less
Mingalar Market
5/8 Mingalar Market
အသေးစိတ် ဖတ်ရှုရန် Show less
Mingalar Market
6/8 Mingalar Market
အသေးစိတ် ဖတ်ရှုရန် Show less
Mingalar Market
7/8 Mingalar Market
အသေးစိတ် ဖတ်ရှုရန် Show less
Mingalar Market
8/8 Mingalar Market
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

ဇန်နဝါရီလ ၉ရက်နေ့ ဒီကနေ့ စနေမနက်အစောပိုင်း တစ်နာရီခွဲအချိန်ကစလို့ ရန်ကုန် မင်္ဂလာတောင်ညွှန့် မြို့နယ်ထဲက မင်္ဂလာဈေးကြီးမှာ မီးအကြီးအကျယ် လောင်ကျွမ်းခဲ့တာ မနက် ၇ နာရီ ၁၅မိနစ်မှာ မီးငြိမ်းသွားတယ်လို့ မီးသတ်ဌာနက ထုတ်ပြန်ပါတယ်။
မင်္ဂလာ ဈေး လေးထပ်ကနေ စတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်ချိန် ကြာမြင့်သလို ပေါက်ကွဲမှုတွေဖြစ်ခဲ့သလို အလွှာအထပ်တွေ ပြိုကျပျက်စီးတဲ့အထိ မီးလောင်မှုအရှိန်က Level အဆင့်ငါးအထိ သတ်မှတ်ခဲ့ရတဲ့အထိ ပြင်းထန်ကြီးမားခဲ့ပါတယ်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဘက်က ရန်ကုန်တိုင်း တတိုင်းလုံးအတိုင်းအတာနဲ့ မီးသတ်ယာဉ် ၅၈ စီး၊ ရေသယ်ယာဉ် (၁၇)စီး၊ လူနာတင်ယာဉ်(၁၉)စီးနဲ့အတူ အရန် မီးသတ်၊ မိတ်ဖက်အဖွဲ့တွေနဲ့ပါ ပူးပေါင်းငြိမ်းသတ်ခဲ့ရပါတယ်။ ဒီလိုမီးငြိမ်းသတ်ဖို့ မီးသတ်ယာဉ်တွေနဲ့ ကူညီကယ်ဆယ်ရေးယာဉ်တွေ လုံခြုံရေးယာဉ်တွေ ဝင်ရောက်တဲ့အချိန် လမ်းလယ်တုံးတွေပိတ်ဆို့နေတာ အပါအဝင် ရေသယ်ယူရေးနဲ့ သွားလာရေးအခက်အခဲတွေနဲ့ကြုံခဲ့ရပါတယ်။

အများပြည်သူနေထိုင်တဲ့ လူနေထူထပ်တဲ့ မြို့နယ်တွင်း ဒီလို ကြီးမားလှတဲ့ ဈေးတွေ ဆောက်လုပ်ထားတဲ့အခါ အခုလို မီးဘေး၊ သဘာဝဘေးကြုံလာရတဲ့အချိန် အခက်အခဲမရှိပဲ စနစ်တကျ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နိုင်အောင် ဘယ်လိုလုပ်ဆောင်ထားသင့်သလဲ ဆိုတာကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး မြို့ပြစီမံကိန်းအတွက် အကြံပေးပုဂ္ဂိုလ် မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလို စဖြေပါတယ်။

ဒေါက်တာ ကျော်လတ်။ ။မင်္ဂလာဈေးမှာက ဖြစ်သင့်တာက အဲဒီလို ပေါက်ကွဲစေတဲ့ ပစ္စည်းတွေ၊ အထူးသဖြင့် အရက်ပျံတို့ ဘာတို့တွေမထားသင့်ဘူးပေါ့။ သူတို့က သေသေချာချာ ကြီးကြပ်မှု မရှိတော့ ပညာရှင်တွေ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကတည်းက အဆိုပြုခဲ့သလို Zoning plan ကိုလည်း လက်ခံမယ်၊ zoning plan အတိုင်းလည်း enforcement ကို ဖြစ်အောင် လုပ်ကြမယ် ဆိုရင်တော့ ဒီလောက်ကြီး အခြေအနေဆိုးမှာ မဟုတ်ဘူးပေါ့။ မင်္ဂလာဈေးသည် ရန်ကုန် တမြို့လုံးမှာ လိုအပ်ချက်တွေကြောင့် မင်္ဂလာဈေး မီးလောင်ရတာပေါ့။
တကယ်ကတော့ ရန်ကုန် တမြို့လုံးမှာ သွားရေးလာရေး အဆင်ပြေရမယ်။ ရန်ကုန်တမြို့လုံးမှာ infrastructure လို့ခေါ်တဲ့ အခြေခံအဆောက်အအုံတွေက အစ အဆင်ပြေရမယ်။ မီးသတ်ပိုက်တို့ မီးသတ်တို့ လမ်းတိုင်း လမ်းတိုင်းမှာ ရှိနေသင့်တယ်။ အဲဒီလိုသာ စနစ်တကျ မြို့က ဖြစ်သွားမယ်ဆိုရင် ဒီလို ကိစ္စတွေက ပေါ်ရင်တောင်မှ အခြေအနေ သိပ်မဆိုးဘူးပေါ့။ ကျွန်တော်တို့ကတော့ ဒီလိုပဲ မြင်ပါတယ်။

ဆုမွန်အေး။ ။ဒီမီးလောင်သွားတဲ့ မင်္ဂလာဈေးမှာပေါ့နော် ဆရာ။ မီးသတ်ကားတွေ ရောက်လာတဲ့အချန်မှာ လမ်းပေါ်မှာ လမ်းလယ်တုံးတွေ ပိတ်ထားတဲ့အတွက် မီးသတ်ကားတွေ ဝင်ရထွက်ရတာ တော်တော်လေး ခက်ခဲခဲ့တယ်လို့ သိရပါတယ် ဆရာ။ အရေးပေါ်ပေါ့နော်။ အခြားနိုင်ငံတွေမှာဆိုရင် လမ်းတွေမှာ မီးသတ်ကားအတွက် ရေထုတ်မယ့် မီးသတ်ပိုက်ကအစ လွယ်လွယ်ကူကူ လုပ်လို့ ရအောင် စီစဉ်ထားပါတယ်ဆရာ။
အဲဒီတော့ ဒီလိုမျိုး အခက်အခဲတွေ ဖြစ်ခဲ့ရတာကော ဘာကြောင့်လို့ ဆရာ ထင်ပါသလဲရှင့်။
ဒေါက်တာ ကျော်လတ်။ ။အဲဒီလိုပေါ့ဗျာ။ ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာက လမ်းဘေးရှိတဲ့ Fire hose တို့ဘာတို့ မီးသတ်ပိုက်တွေ ရှိသင့်တဲ့နေရာမှာ မရှိတာလည်း ပါတာပေါ့။ နောက်ပြီးတော့ ရန်ကုန်မြို့မှာလည်း အခုဟာက လမ်းတွေက ကြပ်လာတယ်။ ကြပ်လာတော့ မီးသတ်ကားတွေ လာဖို့ သွားဖို့က အခက်အခဲရှိတယ်။ အဲဒီလို အခက်အခဲမရှိအောင် innner ring road ဆိုပြီးတော့၊ ထပ်ပြီးတော့ အဆိုပြုထားတယ်။
အဲဒါ အဆိုပြုတာကိုပဲလည်း ပြီးခဲ့တဲ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ပယ်ပြစ်တယ်။ နောက်အစိုးရသစ်တက်လာရင်တော့ ဘယ်လိုဖြစ်မလဲ မသိဘူး။ ပြန်တင်ရမှာပေါ့နော်။ အဲဒီတော့ inner ring road ရှိရင်တော့ ခပ်မြန်မြန် အပေါ်ကနေပြီးတော့ two layer ဖြစ်တော့ အပေါ်ကနေ သွားရင်တော့ မြန်လာမှာပေါ့။

ဆုမွန်အေး။ ။ဆရာ့အနေနဲ့ပေါ့နော်။ အခုဆိုရင် အုပ်ချုပ်ရေး အာဏာကလဲ အလွှဲအပြောင်း အစိုးရသစ် အကူးအပြောင်းကာလမှာပေါ့ နော် ဆရာ။ ဒီလိုမျိုး အများပြည်သူ လူထု အများစု ရှိနေတဲ့ နေရာ၊ ခုနက ပြောသလို စီးပွားရေး လုပ်ငန်းရှင်တွေအတွက်လည်း လုံခြုံ စိတ်ချရတဲ့ အနေအထားမျိုးဖြစ်အောင်၊ ဆရာဘယ်လိုမျိုးများ အကြံပြုချင်တာကော ရှိပါသလဲ ရှင့်။ ဒီမင်္ဂလာဈေးက အဖြစ်အပျက်ကို နမူနာယူပြီးတော့ပေါ့နော်။

ဒေါက်တာ ကျော်လတ်။ ။ရန်ကုန်မြို့အတွက် ကျွန်တော်တို့ကတော့ master plan လို့ ခေါ်တာပေါ့နော်။ ဒါမှမဟုတ်လဲ future plan ပေါ့နော်။ အဲဒါကို ဆွဲသင့်တယ်။ အဲဒါကို အတည်ပြု လက်ခံထားပြီးတော့ အဲဒီအတိုင်းပဲ တဖြည်းဖြည်းချင်း ကျင့်သုံးသင့်တယ်။ သို့သော်လည်း အခုချက်ချင်းပဲ အပြောင်းအလဲ လုပ်ပြီး၊ ချက်ချင်းပဲ စလုပ်ရင်တော့ ချက်ချင်းချည်းတော့ ကောင်းသွားမှာ မဟုတ်ဘူး။
ဘာလို့လဲ ဆိုတော့ ဒီပြဿနာတွေက ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာ ကြုံခဲ့တဲ့ စုပေါင်းနေတဲ့ ပြဿဿ နာ ဖြစ်နေတော့။ ဒါတွေဟာ ဖြည်းဖြည်း ဖြည်းဖြည်း ဖြေရှင်း ကြရမှာပဲပေါ့။ကျွန်တော်ကတော့ အဆိုပြုမှာက နောင်လာလို့ရှိရင်လည်း မြို့ကို စီမံကိန်းနဲ့ လုပ်ကြပါ။ အဲဒီစီမံကိန်းအတိုင်းပ လိုက်နာကြပါ။ အဲဒီ စီမံကိန်းကလဲ အခု တစ်နှစ်နှစ်နှစ်က ဘာလုပ်ငန်းတွေ ရှိမလဲ၊ နောက်ထပ် သုံးလေးငါးနှစ်က ရေရှည် ဘာလုပ်ငန်းတွေ ဆိုတာကို ချပြီးတော့ အဲဒီ စီမံကိန်းအတိုင်း လုပ်စေချင်တာပါပဲ။
ဒါကို ကျွန်တော် နောက်လာတဲ့ ဘယ်သူပဲဖြစ်ဖြစ် ဒီလိုပဲ ပြောမှာပါပဲ။


ရန်ကုန်မြို့တော်စည်ပင်သာယာရေး မြို့ပြစီမံကိန်းအတွက် အကြံပေးပုဂ္ဂိုလ် မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်ကို ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

​
XS
SM
MD
LG