မကြာခင်လပိုင်းတွေအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အမတ် အများစုဖြစ်တဲ့ လွှတ်တော်တွေနဲ့အတူ အစိုးရအဖွဲ့သစ် တက်လာတော့မှာပါ။ အခုလက်ရှိ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ ပြည်ခိုင်ဖြိုးပါတီက အမတ် အများစုဖြစ်တဲ့ လွှတ်တော်သက်တမ်းအတွင်း သတင်းမီဒီယာတွေအတွက် သတင်း ရယူတဲ့အပိုင်းမှာ အခက်အခဲတွေရှိတယ်ဆိုတာ သတင်း မီဒီယာသမားတွေကပြော ထားပါတယ်။ လွှတ်တော်အသစ်၊ အစိုးရအဖွဲ့သစ် တက်လာပြီးတဲ့နောက်ပိုင်း သတင်း မီဒီယာသမားတွေအတွက် သတင်းရယူပိုင်ခွင့်ပိုင်းမှာ ပိုပြီး အဆင်ပြေ လွယ်ကူ ချောမွေ့ လာမလားဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးထားပါတယ်။