သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်အတိုက်အခံ အမျိုးသမီးခေါင်းဆောင် ရွေးကောက်ပွဲ အနိုင်ရ


ထိုင်ဝမ် အတိုက်အခံ ပါတီ DPP မှ သမ္မတလောင်း Tsai Ing-wen ကို ဇန်နဝါရီလ ၁၆ရက်က တိုင်ပေမြို့တွင် တွေ့ရစဉ်။
ထိုင်ဝမ် အတိုက်အခံ ပါတီ DPP မှ သမ္မတလောင်း Tsai Ing-wen ကို ဇန်နဝါရီလ ၁၆ရက်က တိုင်ပေမြို့တွင် တွေ့ရစဉ်။

ဒီကနေ့ စနေနေ့မှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ပထမဆုံး အမျိုးသမီးသမ္မတကို ထိုင်ဝမ်က ရွေးချယ်လိုက်ပါပြီ။ လက်ရှိအာဏာရ Nationalist ပါတီ (KMT) ခေါင်းဆောင် Eric Chu ကရွေးကောက်ပွဲရှုံးနိမ့်မှုကို အသိအမှတ်ပြု လက်ခံလိုက်သလို မဲရုံပိတ်ပြီးသွားချိန်ပြောတဲ့ မိန့်ခွန်းထဲမှာ လည်း ရွေးကောက်ပွဲရှုံးနိမ့်သွားတဲ့အတွက် ထောက်ခံသူတွေကိုတောင်းပန်သွားပါတယ်။

ဒါ့အပြင် ပြိုင်ဘက် Democractic Progressive Party (DPP) ကအနိုင်ရ Tsai Ing-wen ကိုလည်း ချီးကျူးစကားပြောဆိုသွားခဲ့ပါတယ်။ Tsai Ing-wen ကလည်း ထိုင်ဝမ်ကို ကမ္ဘာတဝှမ်းက ဘယ်လို မြင်စေချင်သလဲဆိုတဲ့ သူ့ရဲ့ သဘောထားကို စနေနေ့ အစောပိုင်းတုန်းက ပြောဆိုသွားခဲ့ပါသေးတယ်။

ဒီအချိန်ဟာ စည်းလုံးမှုကိုပြသဖို့အချိန်ဖြစ်တယ်။ ထိုင်ဝမ်ပြည်သူတွေဟာ သူ့တိုင်းပြည်အတွက် တသဘောထဲရှိကြတယ်ဆိုတာ နိုင်ငံတကာကို ရှင်းရှင်းလင်းလင်းပြသဖို့ ကျမတို့ညီညွှတ်ဖို့လိုတယ်။ Republic of China ရဲ့ အလံတော်ဟာ ထိုင်ဝမ်ရဲ့အမှတ်အသားဖြစ်တယ်ဆိုတာ ကျိူးကြောင်း ခိုင်လုံတဲ့အချက်ဖြစ်ပါတယ်။ ထိုင်ဝမ်ကို ဖိနှိပ်ထားဖို့ မလိုပါဘူး ဆိုပြီး Tsai Ing-wen ကပြောသွားခဲ့ပါတယ်။ Republic of China ဆိုတာထိုင်ဝမ်ရဲ့ တရားဝင်နာမည်ပါ။

တရုတ်နိုင်ငံနဲ့ ရှုပ်ရှုပ်ထွေးထွေး ပတ်သက်မှုရှိနေတဲ့ထိုင်ဝမ်နိုင်ငံရေးမှာ Tsai Ing-wen ရဲ့ Pro-independence Democratic Progressive Party (DPP) ပါတီက အစမ်းသပ်ခံဖြစ်လာလိမ့်မယ်ဆိုပြီးတော့လည်း သုံးသပ်သူတွေက ရှုမြင်နေကြတာပါ။ ထိုင်ဝမ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တရုတ်နိုင်ငံဘက်ကတော့ မှတ်ချက်ပေးပြောဆိုတာသိပ်မရှိသေးပါဘူး။ ဒါပေမဲ့ တရုတ်တနိုင်ငံထဲမူဝါဒ ကို ထောက်ခံမှုမရှိတဲ့ဘယ်သူနဲ့မှ အလုပ်တွဲ လုပ်မှာမဟုတ်ဘူးဆိုပြီးတော့လည်း တရုတ်တို့ဘက်က ပြောဆိုထားပါတယ်။

XS
SM
MD
LG