သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာမလွဲှခင် စီမံချက်များ တွန်းလုပ်မှု လွှတ်တော်မှာ ကန့်ကွက် အဆိုတင်


ပြည်သူ့လွှတ်တော်မှာ ပုလဲအမတ် ဒေါ်ခင်စန်းလှိုင်က ဒီကနေ့မှာ အရေးကြီးအဆို တင်သွင်း။
ပြည်သူ့လွှတ်တော်မှာ ပုလဲအမတ် ဒေါ်ခင်စန်းလှိုင်က ဒီကနေ့မှာ အရေးကြီးအဆို တင်သွင်း။

လက်ရှိ အစိုးရအနေနဲ့ အာဏာမလွဲှခင် စပ်ကြားလေးမှာ စီးပွားရေးလုပ်ငန်းတွေ အလျင်စလို ရောင်းချ လွဲှပြောင်းမှု လုပ်တာတွေနဲ့ စီမံကိန်းတွေ တွန်းလုပ်နေတာတွေ အပေါ် ကန့်ကွက်တဲ့ အဆိုတရပ်ကို ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ တင်သွင်းခဲ့ပြီး၊ ဒီအရေးကြီးအဆိုကို ဆွေးနွေးဖို့ လွှတ်တော်ကလည်း လက်ခံ အတည်ပြုလိုက်ပါ တယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် မအေးအေးမာက စုံစမ်းမေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

အစိုးရသစ် မတက်လာခင် လက်ရှိအစိုးရ တာဝန်ရှိသူတွေက မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ နိုင်ငံပိုင်စက်ရုံတွေ၊ စီးပွားရေးလုပ်ငန်းတွေ စီမံကိန်းတွေကို အလျင်စလို လုပ်ဆောင်နေတာ စီမံကိန်းတွေ အတွက် ငှားရမ်းရောင်းချ လွှဲပြောင်းနေတာ၊ ပုဂ္ဂလိကပိုင်တွေ အဖြစ် လုပ်နေတာတွေနဲ့ ပတ်သက်လို့ နေရာတကျ မစီမံဘဲ အဆောတလျင် ခွင့်ပြုနေမှုကို ဟန့်တားစိစစ်ပေးဖို့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အမတ် ဒေါ်ခင်စန်းလှိုင်က ဒီကနေ့မှာ အရေးကြီးအဆို တင်သွင်းခဲ့ရာ လွတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ပြိး ဆက်လက်ဆွေးနွေးဖို့ဆုံးဖြတ်ခဲ့တယ်လို့ ဒေါ်ခင်စန်းလှိုင်က VOA ကို ပြောပြခဲ့ပါတယ်။

" အဓိက ဆွေးနွေးခဲ့တာကတော့ စီးပွားရေးလုပ်ငန်းတွေကို ဒီအစိုးရကနေပြီးတော့မှ အခုလို အစိုးရအပြောင်းအလဲမှာ အလျှင်အမြန်ပေါ့နော် ခွင့်ပြုနေတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အစိုးရကနေပြီးတော့ ဒါကို ထိန်းကျောင်းတည့်မတ်ပေးဖို့ အန်တီက အဲ့တာကို အရေးကြီးအဆိုတင်ပါတယ်။

မဲခွဲဆုံးဖြတ်တဲ့အခါမှာ မဲက သုံးပုံတပုံ ထောက်ခံမဲ သုံးပုံတပုံ ရတဲ့အတွက်ကြောင့် မို့လို့ ဒါကို လွှတ်တော်ထဲမှာ လက်ခံဆွေးနွေးပါမယ်ဆိုပြီးတော့ မနက်ဖြန်ခါကစပြီး ကျန်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေက ဒါကို ဆွေးနွေးကြမှာပေါ့။ "

ဒီထဲမှာ အစိုးရရဲ့လက်ရှိ လုပ်ဆောင်နေတဲ့ ပြည်သူတွေ လက်မခံတဲ့ စီမံကိန်းတွေ အားလုံးပါဝင်ပြီး အငြင်းပွား ကန့်ကွက်မူတွေရှိတဲ့ လက်ပံတောင်းတောင် စီမံကိန်း ဟာလည်း သူလည်း အဆိုမှာ အကျုံးဝင်တယ်လို့ ဒေါ်ခင်စန်းလှိုင်က ဆိုပါတယ်။

ဒီထဲမှာ အစိုးရသစ်မတက်ခင် ရက်ပိုင်းအလိုမှာပဲ ရှင်းလင်းနေတဲ့ ကျေးရွာတချို ရပ်ကွက်တချို့ကပြည်သူတွေကို ကျုးကျော်နေထိုင်သူများအဖြစ် စွပ်စွဲခံရပြီး ဖယ်ရှားခိုင်းနေတဲ့ ကိစ္စနဲ့ပတ်သက်လို့လည်း ဒေါ်ခင်စန်းလှိုင်က ပြောသွားပါတယ်။

အစိုးရသစ်ကို အာဏာမလွဲှခင်မှာပဲ MOU လို့ခေါ်တဲ့ နှစ်ဖက်နားလည်မူ စာချွန်လွှာတွေ ကို အလျင်စလို လုပ်ဆောင်နေတာတွေ ဒါတွေကို အစိုးရက ခွင့်ပြုပေးနေတာတွေကို ရပ်တန့် ပေးဖို့အတွက် လွှတ်တော်မှာ အရေးတကြီး အဆိုပြုခဲ့တာပါ။

အစိုးရသစ် မတက်လာခင်မှာ သိသာထင်ရှားစွာနဲ့ အလျင်စလို လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကတော့ ကချင်ပြည်နယ် တွင်းမှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကို စက်အင်အား၊ လူအင်အား အများအပြားနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေ တာဖြစ်ပါတယ်။

ဒီလို တူးဖော်နေတာကြောင့် မြေစာပုံတွေပြိုကျပြီး လူတွေသေဆုံးမူတွေ ရှိနေတာကြောင့် ဒေသခံတွေက ကန့်ကွက်မူတွေလည်း ရှိနေတာပါ။ ဒီသံယံဇာတ တူးဖော်နေတဲ့ ကိစ္စကတော့ သိသာမြင်သာသလို တခြား လက်ပံတောင်းတောင် ကကြေးနီ စီမံကိန်းလို ကိစ္စတွေဟာလည်း စုံစမ်းစစ်ဆေးရေးကော်မရှင် ရဲ့အစီရင်ခံစာ အတိုင်း မလုပ်တဲ့အတွက် စီမံကိန်းက ထွက်တဲ့ အက်စစ်ငွေ့တွေကြောင့် ဒေသ အတွင်း သဘာဝတ်ဝန်းကျင် ထိခိုက်မူတွေနဲ့ ကျန်းမာရေး ထိခိုက်မူတွေကြုံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီလို ဒေသခံပြည်သူများနဲ့ ပြေလည်မူမရှိတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်လို့ တော့ ပြီးခဲ့တဲ့ရက်ကပဲ အရေးတကြီးအဆို တင်သွင်းဖို့ ရှိတယ်လို့ ဒေါ်ခင်စန်းလှိုင်က ပြောဆိုခဲ့တာပါ။

ဒီနေ့မှာတော့ ဒီအဆိုကို ပြည်သူ့လွှတ်တော်က မဲပေးခွင့်ရှိသူ ၄၃၂ယောက်ရှိရာမှာ စစ်ကိုင်းတိုင်း၊ ပုလဲမြိုု့ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်စန်းလှိုင်က တင်သွင်းခဲ့တဲ့ အရေးတကြီး အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၂၇၈ယောက် ထောက်ခံ ကာ ၁၃၂ယောက် ကန့်ကွက်ခဲ့တာပါ ဒါပေမဲ့ ထောက်ခံသူ ၃ပုံ ၁ပုံ ရှိတာကြောင့် ဆက်လက်ဆွေးနွေးဖို့ လွှတ်တော်ကနေ ဆုံးဖြတ်ခဲ့ပါတယ်။

XS
SM
MD
LG