သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အပျိုကြီးတွေဘ၀ အားပေးတဲ့ ဗွီဒီယိုလူကြိုက်များ


U.S. President Donald Trump and Britain's Queen Elizabeth II inspect a Guard of Honour, formed of the Coldstream Guards at Windsor Castle in Windsor, England.
U.S. President Donald Trump and Britain's Queen Elizabeth II inspect a Guard of Honour, formed of the Coldstream Guards at Windsor Castle in Windsor, England.

Leftover Women လို့ အမည်ပေးထားတဲ့ အိမ်ထောင်မရှိကြတဲ့ အမျိုးသမီးတွေအကြောင်း စိတ်လှုပ်ရှားဖွယ်ရာ ဗွီဒီယိုကြော်ငြာဟာ တရုတ်နိုင်ငံရဲ့ အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ၄ မိနစ်ကြာ မှတ်တမ်းပုံစံ ဗွီဒီယိုဟာ အမျိုးသမီးတွေ အနေနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးပိုင်ခွင့် ရှိတယ်ဆိုတဲ့ SK-II ဂျပန်အလှပြင်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးရဲ့ နိုင်ငံတကာလှုပ်ရှားမှု တစိတ်တပိုင်း ဖြစ်ပါတယ်။

အဲဒီဗွီဒီယိုထဲမှာ အိမ်ထောင်မရှိတဲ့ အမျိုးသမီးတွေအပေါ် လူ့အဖွဲ့အစည်းရဲ့ ရှေးရိုးစွဲ ခွဲခြားဆက်ဆံမှုကို ဖော်ညွှန်းထားတာဖြစ်ပြီး၊ တရုတ်အစိုးရအနေနဲ့ ကျား-မ တန်းတူ ခွဲခြားဆက်ဆံမှု ကိစ္စရပ်များကို ဖြေရှင်းပေးနိုင်ခြင်း မရှိတာကိုလည်း ထောက်ပြထားတယ်လို့ အကဲခတ်တွေက ပြောကြပါတယ်။ တရုတ်နိုင်ငံမှာ အသက် ၂၇ အရွယ်ရောက်လို့ အိမ်ထောင်မကျဘူးဆိုရင် ဘဝဟာ ပြည့်စုံတယ်လို့ မယူဆဘဲ အသက် ၂၀ အတွင်းမှာပဲ အိမ်ထောင်ပြု ကြဖို့ ဖိအားပေးခံကြရတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ Weibo လို့ခေါ်တဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရက်အနည်းငယ်အတွင်း ဒီဗွီဒီယိုကို သိန်းနဲ့ချီပြီး ကြည့်ရှုခဲ့ကြရာမှာ အိမ်ထောင်မပြုကျတဲ့ အမျိုးသမီးတွေအပေါ် အပြစ်မြင်ကြမယ့်အစား ပိုမို ထောက်ခံ အားပေးမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ SK-II ရဲ့ ကြေညာချက်မှာလည်း တရုတ်အမျိုးသမီး တွေအနေနဲ့ အခုလို ဖိအားပေးခံရမှုအပေါ် အပြုသဘောဆောင်တဲ့ နည်းလမ်းကတဆင့် တရုတ်အမျိုးသမီးတွေကို ကူညီဆောင်ရွက်ပေးဖို့ ရည်ရွယ်ချက်နဲ့ ဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ခေတ်သစ် တရုတ်အမျိုးသမီးတွေအနေနဲ့ ပညာပိုတတ်ကြပြီး၊ ဘဝမှာ အိမ်ထောင်မပြုဘဲ ပညာကို ရှာဖွေလိုကြသူတွေ တိုးလာဖို့လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာ လက်ရှိ အမျိုးသားနဲ့ အမျိုးသမီး အချိုးအစားဟာ ၁၀၇ နဲ့ ၁၀၀ ရှိပါတယ်။ တရုတ်ရဲ့ နှစ်ပေါင်းများစွာ သားသမီးတဦးသာ ယူရတဲ့ပေါ်လစီကြောင့် အခုလို နိုင်ငံတွင်း ကျား-မ အရေအတွက် မမျှ ဖြစ်ခဲ့ရတာပါ။ လက်တွေ့မှာတော့ - အိမ်ထောင်မပြုတဲ့ အမျိုးသမီးတွေ ပြဿနာထက် အိမ်ထောင်မပြုတဲ့ အမျိုးသားတွေရဲ့ ပြဿနာဟာ ပိုပြီး ကြီးမားတယ်လို့ အကဲခတ်တွေက ပြောပါတယ်။

၂၀၂၀ ကျရင် တရုတ်နိုင်ငံမှာ အမျိုးသား အနည်းဆုံး ၂၄ သန်းတို့အတွက် လက်ထပ်နိုင်မယ့် အမျိုးသမီးတွေ ရှိကြမှာမဟုတ်ဘူးလို့ သုံးသပ်သူတွေက ခန့်မှန်းပါတယ်။ တရုတ်နိုင်ငံရဲ့ အမျိုးသမီးအခွင့်အရေးအဖွဲ့ကို ထူထောင်သူ ဇန် ဂျင်း ကတော့ - အခုလို အမျိုးသမီးတွေအပေါ် ရှုမြင်မှုဟာ အိမ်ထောင်တွင်းမှာ အမျိုးသမီးတွေကို ချုပ်ခြယ်ထားလိုတဲ့ ကွန်မြူနစ်ပါတီရဲ့ လျှို့ဝှက်တဲ့ မူဝါဒကြောင့်လို့ ရှုမြင်ပါတယ်။ ၂၀၁၃ တရုတ်နိုင်ငံဆိုင်ရာ အမျိုးသမီးအဖွဲ့ချုပ် ညီလာခံမှာ သမ္မတ ရှီ ကျင်းပင် က တရုတ်အမျိုးသမီးတွေအနေနဲ့ မိသားစုအရေးကို ဦးစားပေးဖို့ ပွင့်ပွင့်လင်းလင်း တိုက်တွန်းခဲ့တဲ့ အတွက် ဒါဟာ ကျား-မတန်းတူအခွင့်အရေး ရရှိမှုအတွက် ကြိုးပမ်းရာမှာ အမျှော်အမြင်ကင်းရာ ရောက်တယ်လို့ ဇန် က ဝေဖန်လိုက်ပါတယ်။

XS
SM
MD
LG