သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ခရီးသည်တင်လေယာဉ် ပျက်ကျ


အီဂျစ်ခရီးသည်တင်လေယာဉ်ပေါ်ပါ ခရီးသည်များ ၏ ဆွေမျိုးသားချင်းများ သတင်းစောင့်နားထောင်နေသည့် အဆောက်အဦး။
အီဂျစ်ခရီးသည်တင်လေယာဉ်ပေါ်ပါ ခရီးသည်များ ၏ ဆွေမျိုးသားချင်းများ သတင်းစောင့်နားထောင်နေသည့် အဆောက်အဦး။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်ကနေ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်ကို ဒီကနေ့ပျံသန်းတဲ့ ခရီးစဉ်အတွင်း ပျောက်ဆုံးသွားတဲ့ EgyptAir လေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ်ဟာ ပျက်ကျသွားတာဖြစ်တယ်ဆိုတာ ပြင်သစ်သမ္မတ Francois Hollande က အတည်ပြု ပြောဆိုလိုက်ပါပြီ။ အဲဒီလေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၆၆ ဦး ပါသွားပါတယ်။

ပျောက်ဆုံးနေတဲ့လေယာဉ်ကို ဂရိနဲ့ အီဂျစ်အဖွဲ့တွေက ရှာနေကြပါတယ်။

ဂရိနိုင်ငံ၊ Karpathos ကျွန်း အရှေ့တောင်ဘက် ရေမိုင် ၁၃၀ လောက်အကွာ ပင်လယ်ပြင်မှာ ရှာဖွေရေး လုပ်နေတယ်လို့ ဂရိ တာဝန်ရှိသူတွေကပြောပါတယ်။

ရှာဖွေရေးလုပ်ငန်းမှာ ပြင်သစ်က လေယာဉ်နဲ့ရေယာဉ်တွေပို့ပြီး ပါဝင်လုပ်ဆောင်မှာဖြစ်ပြီးတော့ အီဂျစ်အာဏာပိုင်တွေနဲ့ အဆက် မပြတ် ဆက်သွယ် ပြောဆိုနေတယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Marc Ayrault က ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဝမ်းနည်းရတဲ့အကြောင်း ပြင်သစ်နဲ့ အီဂျစ် နိုင်ငံခြားရေးဝန်ကြီးတွေ အပြန်အလှန်ပြောဆိုကြပါတယ်။

အီဂျစ်ခရီးသည်တင်လေယာဉ် ပျက်ကျ
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG