သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြောက်ကိုးရီးယား ဒုံးကျည်ပစ်လွှတ် မည့်အရိပ်လက္ခဏာတွေ့ရ


မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို တောင်ကိုရီးယားနိုင်ငံ ရုပ်သံမှာ ပြသစဉ်။

မြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်းတပ် Missile ဒုံးကျည်တခုကို ပြစ်လွှတ်ဖို့ ပြင်ဆင်နေပုံရတဲ့ လက္ခဏာတွေကို ထောက်လှမ်းသိရှိရတယ်လို့ ဂျပန်နဲ့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။

ပြစ်လွှတ်နိုင်ခြေရှိတဲ့ အလားအလာတွေကြောင့် စစ်တပ်ကို ဂျပန်အစိုးရက သတိအနေအထား တပ်လှန့်ထားတယ်လို့ NHK ဂျပန်ရုပ်သံဌာနက ပြောပါတယ်။

ဂျပန်နယ်နိမိတ်ကို အန္တရာယ်ကျရောက်နိုင်မဲ့ ဒုံးကျည်မှန်သမျှကို ဖျက်ဆီးပြစ်ဖို့ ဂျပန်ရေတပ် ဖျက်သင်္ဘောတွေကိုလဲ အမိန့်ထုတ်ထားပါတယ်။

တောင်ကိုရီးယားအစိုးရဖက်ကလဲ စစ်ပွဲရင်ဆိုင်ဖို့ အသင့်အနေအထားနဲ့ ရှိနေတယ်လို့ တောင်ကိုရီးယားကာကွယ်ရေး တာဝန်ရှိသူ တယောက်က ပြောပါတယ်။

မြောက်ကိုရီးယားဖက်က ဘယ်လို ဒုံးကျည်မျိုး ပစ်နိုင်ခြေရှိသလဲဆိုတာကို တာဝန်ရှိသူတွေက မပြောပေမဲ့ တာလတ်ပြစ် Musudan ဒုံးကျည်မျိုး ဖြစ်ပုံရတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်၊ အဲဒီဒုံးကျည်မျိုးကို မြောက်ကိုရီးယားက ဧပြီလတုန်းက ၃ ကြိမ်ပြစ်လွှတ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

အဲဒီ အမျိုးအစားဒုံကျည်ဟာ ကီလိုမီတာ ၃,၀၀၀ ကနေ ၄,၀၀၀ ထောင် အဝေးကို ရောက်နိုင်ပြီး ပြစ်လွှတ်အောင်မြင်တယ်ဆိုရင် ဂျပန်၊ တရုတ်နဲ့ အမေရိကန်ပိုင် Guam ကျွန်းတွေပေါ်က ပြစ်မှတ်တွေအထိ ရောက်နိုင်ပါတယ်။

မြောက်ကိုရီးယား ဒုံးကျည်
please wait

No media source currently available

0:00 0:00:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG