သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွမ်းယာရောင်းချမှုကို ပိတ်ပင်သင့်သလား


ကွမ်းရွက်များ (Photo Credit: Min Can CI)
ကွမ်းရွက်များ (Photo Credit: Min Can CI)

ကွမ်းစားသုံးမှုကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အပြင် ပတ်ဝန်းကျင်ကိုပါ ညစ်ညမ်းမှုတွေ ဖြစ်ပေါ်စေတာကြောင့် ကွမ်းစားသုံး လျော့ကျရေး လုပ်ဆောင်ကြဖို့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေကို ဗဟိုအစိုးရက ညွန်ကြားချက် ထုတ်ပြန်ထားပါတယ်။ ကွမ်းစားခြင်းဟာ မြန်မာနိုင်ငံအတွင်းက အရွယ်ရောက်သူ အမျိုးသားတွေအကြားမှာ ရေပန်းစားတဲ့ အရာတခုဖြစ်သလို ကွမ်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းကြသူတွေလည်း အများအပြား ရှိနေတာပါ။ အခုလို ကွမ်းစားသုံးမှု ပပျောက်ရေးကို ဦးတည်စေတဲ့ အစိုးရရဲ့ လုပ်ဆောင်မှုနဲ့ပတ်သက်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မီတီက ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာ အောင်မြင့်မော်၊ NHK သတင်းဌာနက ကိုသီဟသွေးတို့နဲ့အတူ VOA အမေရိကန်အသံရဲ့ သောတရှင်တွေ ပါဝင် ဆွေးနွေးထားကြပါတယ်။ ကိုဇော်ဝင်းလှိုင်စီစဉ်ပြီး ထုတ်လုပ်သူ မစုမွန်နဲ့အတူ တင်ဆက်ပေးထားတဲ့ စနေည တိုက်ရိုက်လေလှိုင်းအစီအစဉ်ကို နားဆင်နိုင်ပါတယ်။

ကွမ်းယာရောင်းချမှုကို ပိတ်ပင်သင့်သလား
please wait

No media source currently available

0:00 0:26:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG