သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားပြေးခုံပစ်အသင်း အိုလံပစ်မှာ မပါဝင်ရ


၂၀၁၆ အိုလံပစ်ပြိုင်ပွဲဝင်သူများ။

ရုရှားနိုင်ငံရဲ့ ပြေးခုန်ပစ်အသင်းဟာ သြဂုတ်လကျရင် ဘရာဇီးလ်နိုင်ငံ Rio de Janeiro မှာ ကျင်းပမယ့် နွေရာသီအိုလံပစ်အားကစားပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံလိုက်ရပါတယ်။ ပြေးခုန်ပစ်ပြိုင်ပွဲကို ကြီးကြပ်ရတဲ့ IAAF အဖွဲ့ကြီးကနေ - ရုရှားပြေးခုန်ပစ် အားကစားသမားတွေကို ယှဉ်ပြိုင်ခွင့် ဆက်ပြီး ပိတ်ပင်သွားမယ့် အကြောင်း သောကြာနေ့ကပဲ ကြေညာခဲ့တာပါ။

တားမြစ်ဆေး သုံးစွဲမှုပြဿနာပေါ်ပေါက်ခဲ့ပြီးနောက် - ဒီအားကစားသမားတွေအပေါ် ယုံကြည်မှု ပြန်ရှိလာအောင် ရုရှားနိုင်ငံအနေနဲ့ လုံလုံလောက်လောက် လုပ်ဆောင်ခဲ့ခြင်း မရှိဘူးလို့လည်း IAAF အဖွဲ့ကြီးက ဆိုပါတယ်။

ကမ္ဘာ့တားမြစ်ဆေးသုံးစွဲမှုဆန့်ကျင်ရေးအေဂျင်စီကနေ ရုရှားအစိုးရပိုင် တားမြစ်ဆေးအစီအစဉ်ကို စွပ်စွဲထားတဲ့ အစီရင်ခံစာတစောင် ထွက်လာပြီး နောက်ပိုင်း - ရုရှားပြေးခုန်ပစ်အားကစားသမားတွေဟာ လွန်ခဲ့တဲ့ ၇ လမှာ နိုင်ငံတကာပြိုင်ပွဲတွေကနေ တားမြစ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ရုရှားအားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ ကြေညာထဲမှာတော့ - IAAF ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး စိတ်ပျက်မိတဲ့အကြောင်း ဖော်ပြထားပါတယ်။

ရုရှားပြေးခုံပစ်အသင်း အိုလံပစ်မှာ မပါဝင်ရ
please wait

No media source currently available

0:00 0:00:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG