သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ပေးအဆွဲခံရတဲ့ အိန္ဒိယကလေး ဘင်္ဂလားဒေ့ရှ်က ပြန်ရ


အိန္ဒိယနိုင်ငံတွင်းက ကလေးငယ်တွေ ဆော့ကစားနေ တဲ့မြင်ကွင်း။
အိန္ဒိယနိုင်ငံတွင်းက ကလေးငယ်တွေ ဆော့ကစားနေ တဲ့မြင်ကွင်း။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ လွန်ခဲ့တဲ့ ခြောက်နှစ်က အိမ်နားမှာ ကစားနေ တုန်း ပြန်ပေးဆွဲခံရတဲ့ ၁၂ နှစ်အရွယ် ကလေးငယ် Sonu Begum ဟာ ကြာသပတေးနေ့က သူ့မိသားစုနဲ့ ပြန်လည် ပေါင်းစည်းနိုင်ခဲ့ပါတယ်။

Sonu Begum ဟာ ပြန်ပေးဆွဲခံရစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အလွန်အကျွန် အလုပ်စေခိုင်းခံရတဲ့ အိမ်အကူ လုပ်သားတစ်ယောက်အဖြစ် နေထိုင်ခဲ့ရတာဖြစ်ပြီး တစ်ခါတစ်ရံမှာ ညှင်းပန်းနှိပ်စက်တာလဲခံခဲ့ရတယ်လို့ ဆိုပါတယ်။

သူ့ကို ကူညီသူတစ်ဦးက သံသယဖြစ်ပြီး၊ ကလေးသူငယ် ဝန်ဆောင်မှု ဌာနကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ Sonu Begum ဟာ အာဏာပိုင်တွေကို သူ့ရဲ့ နယူးဒေလီမြို့က လိပ်စာကို သေသေချာချာ မပေးနိုင်တဲ့အတွက် သူ့ကို ကူညီသူဟာ နယူးဒေလီမြို့ကို သွားရောက်ပြီး၊ သူ့ရဲ့ မိဘတွေကို ရှာဖွေခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် DNA နည်းပညာနဲ့ သူတို့သား ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ တာ ဖြစ်ပါတယ်။ အခုအချိန်မှာ အမျိုးသမီးနှစ်ဦးကို Sonu Begum ကို ပြန်ပေးဆွဲမှုနဲ့ စွဲချက်တင်ထားပါတယ်။

ပြန်ပေးအဆွဲခံရတဲ့ အိန္ဒိယကလေး ဘင်္ဂလားဒေ့ရှ်က ပြန်ရ
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG