သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇူလိုင် ၇ အခမ်းအနား သမဂ္ဂဟောင်းနေရာမှာ ပထမဆုံးအကြိမ် ကျင်းပခွင့်ရ

ဗကသကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ သမဂ္ဂနေရာဟောင်း မြေကွက်လပ်ထဲ ဝင်ရောက်ပြီး ဗိုလ်အောင်ကျော် ကျောက်တိုင်ရှေ့မှာ ၇ ဇူလိုင် အခမ်းအနားကို ကျင်းပနိုင်ခဲ့ကြပါတယ်။
1/9 ဗကသကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ သမဂ္ဂနေရာဟောင်း မြေကွက်လပ်ထဲ ဝင်ရောက်ပြီး ဗိုလ်အောင်ကျော် ကျောက်တိုင်ရှေ့မှာ ၇ ဇူလိုင် အခမ်းအနားကို ကျင်းပနိုင်ခဲ့ကြပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less

2/9 ဇူလိုင် ၇ အခမ်းအနား သမဂ္ဂဟောင်းနေရာမှာ ပထမဆုံးအကြိမ် ကျင်းပခွင့်ရ

3/9 ဇူလိုင် ၇ အခမ်းအနား သမဂ္ဂဟောင်းနေရာမှာ ပထမဆုံးအကြိမ် ကျင်းပခွင့်ရ

4/9 ဗကသကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ သမဂ္ဂနေရာဟောင်း မြေကွက်လပ်ထဲ ဝင်ရောက်ပြီး ဗိုလ်အောင်ကျော် ကျောက်တိုင်ရှေ့မှာ ၇ ဇူလိုင် အခမ်းအနားကို ကျင်းပနိုင်ခဲ့ကြပါတယ်။

5/9 ဗကသကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ သမဂ္ဂနေရာဟောင်း မြေကွက်လပ်ထဲ ဝင်ရောက်ပြီး ဗိုလ်အောင်ကျော် ကျောက်တိုင်ရှေ့မှာ ၇ ဇူလိုင် အခမ်းအနားကို ကျင်းပနိုင်ခဲ့ကြပါတယ်။

6/9 ဗကသကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ သမဂ္ဂနေရာဟောင်း မြေကွက်လပ်ထဲ ဝင်ရောက်ပြီး ဗိုလ်အောင်ကျော် ကျောက်တိုင်ရှေ့မှာ ၇ ဇူလိုင် အခမ်းအနားကို ကျင်းပနိုင်ခဲ့ကြပါတယ်။

7/9 ဗကသကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ သမဂ္ဂနေရာဟောင်း မြေကွက်လပ်ထဲ ဝင်ရောက်ပြီး ဗိုလ်အောင်ကျော် ကျောက်တိုင်ရှေ့မှာ ၇ ဇူလိုင် အခမ်းအနားကို ကျင်းပနိုင်ခဲ့ကြပါတယ်။

8/9 ဗကသကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ သမဂ္ဂနေရာဟောင်း မြေကွက်လပ်ထဲ ဝင်ရောက်ပြီး ဗိုလ်အောင်ကျော် ကျောက်တိုင်ရှေ့မှာ ၇ ဇူလိုင် အခမ်းအနားကို ကျင်းပနိုင်ခဲ့ကြပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
9/9
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

သမဂ္ဂအဆောက်အအုံ မိုင်းခွဲဖြိုဖျက်ခံရတဲ့ 7 July နှစ်ပတ်လည် အထိမ်းအမှတ် ကို ကျောင်းသားသမဂ္ဂတွေ ဦးဆောင်ပြီး ပြုလုပ်ခဲ့ရာမှာ၊ ဒီနှစ်မှာတော့ ထူးထူးခြားခြား ဆိုသလို သမဂ္ဂအဆောက်အအုံဟောင်းနေရာ မြေကွက်လပ်ထဲ ဝင်ရောက် ကျင်းပခွင့်ရခဲ့ကြပါတယ်။ ဒီအခြေအနေဟာ လူထုထောက်ခံတဲ့ ဒီမိုကရေစီအစိုးရ အုပ်ချုပ်တယ်ဆိုတဲ့ ကောင်းမွန်တဲ့လက္ခဏာဆောင်တယ်လို့ တက်ကြွ လှုပ်ရှားသူတွေက ပြောသလို၊ တချိန်တည်းမှာ တက္ကသိုလ် နယ်မြေ အသီးသီးမှာ သမဂ္ဂတွေ လွတ်လပ်ခွင့် ဖွဲ့စည်းခွင့်ရဖို့ကိုလည်း ဗကသများ အဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။ ရန်ကုန်တက္ကသိုလ် သမဂ္ဂမြေနေရာဟောင်း ကနေ ကိုသားညွန့်ဦး သတင်းပေးပို့ထားပါတယ်။

ဒီနေ့ မနက်ပိုင်း မိုးရွာနေတဲ့ကြားကပဲ ဗကသများအဖွဲ့ချုပ်က ဦးဆောင်တဲ့ ကျောင်းသားတွေ နဲ့ အခြားတက်ကြွလှုပ်ရှားသူ ၅၀ ကျော်လောက်ဟာ ရန်ကုန် ပြည်လမ်းတလျှောက် ချီတက်ပြီး၊ ရန်ကုန်တက္ကသိုလ်ကို ဝင်ရောက်တဲ့ အခါမှာတော့ အရင်တုန်းကအမြဲလိုလို ပိတ်ထားတဲ့ သံတံခါးကို တက္ကသိုလ် အာဏာပိုင်တွေက ဖွင့်ပေးထားပါတယ်။

ဒါကြောင့်လည်း ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေအဖို့ သမဂ္ဂနေရာဟောင်း မြေကွက်လပ်ထဲ ဝင်ရောက်ပြီး ဗိုလ်အောင်ကျော် ကျောက်တိုင်ရှေ့မှာ ၇ ဇူလိုင် အခမ်းအနားကို ကျင်းပနိုင်ခဲ့ကြပါတယ်။

" ကျနော်တို့ တောက်လျောက် ၇ဇူလိုင် ကျင်းပခဲ့တာ ဒီထဲကို ဝင်ခွင့်မရခဲ့ဘူး။ အခုကျနော်တို့ ဒီထဲဝင်ခွင့်ရတာဟာ ကျနော်တို့ ရွေးကောက်တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရရဲ့ တစုံတရာသော အားပေးမှုပေါ့။ တစုံတရာသော ကူညီမှုကြောင့်လို့ထင်ပါတယ်။ ဒီအတွက် ကျနော်တို့ ကျေးဇူးတင်ပါတယ်။ အရင်တုန်းကဆို ကျနော်တို့ ဒီထဲကို လုံးဝဝင်ခွင့်မရဘူး ဗိုလ်အောင်ကျော် ဂူခြေရင်းကို ဝင်ခွင့်ရခဲ့တယ်။"

၇၅ မျိုးဆက်ကျောင်းသားဟောင်း ဦးခင်ဝင်းပါ။

" ဒီကနေ့ ၇ ဇူလိုင် ၅၄နှစ်မြောက်မှာလည်း မျိုးဆက် အလိုက်ပေါ့နော်။ ကျောင်းသား သမဂ္ဂ စိတ်ဓာတ်ဟာ ဘယ်တော့မှ မသေသွားဘူး။ ကျောင်းသား အဆောက်အအုံကြီးကို ဖြိုဖျက်လိုက်သော်လည်း မသေသွားဘူးဆိုတာ သိရတဲ့အတွက် အလွန်ကို ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။"

ကိုဗသက်အောင် ၈၈ မျိုးဆက်ကျောင်းသားဟောင်း ပြောသွားတာပါ။

ဒါဟာဆိုရင် ဆယ်စုနှစ် နှစ်ခုကျော်အတွင်း ပထမဆုံး အကြိမ်အဖြစ် သမဂ္ဂ လှုပ်ရှားသူတွေ သမဂ္ဂမြေနေရာကို ခြေချခွင့်ရတာပါ။ဒါပေမယ့်လည်း တက္ကသိုလ်အသီးသီးမှာ သမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရဖို့ လိုသေးတယ်လို့ ဗကသများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုမိုးထက်နေက ပြောပါတယ်။

" ၇ ဇူလိုင်ရဲ့ အခင်းအကျင်းကို ကြည့်ရင် ဗကသများအဖွဲ့ချုပ်အနေနဲ့ စစ်အာဏာရှင်စနစ်ကို အစောဆုံးမီးမောင်းထိုးပြနိုင်ခဲ့တဲ့ တိုက်ပွဲဖြစ်တယ်လို့ ကျနော်တို့ နားလည်ထားတယ်ပေါ့။ အဲ့ဒီ့တော့ ဗကသများအဖွဲ့ချုပ်ဟာ ဗမာပြည်သမိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အလံကို အစောဆုံး လွှင့်ထူနိုင်ခဲ့တဲ့ နေရာဖြစ်တယ်။ အဲ့လို ကျနော်တို့ရဲ့ အသိတက်ကြွမှု ကျောင်းသားတွေရဲ့ ပြတ်သားမှုအပေါ်မှာ မကြိုက်တဲ့အတွက် အဆောက်အဦးကြီးတခုလုံး သမဂ္ဂကြီးတခုလုံးကို ဖြိုချခဲ့တယ်။ အဲ့ဒီ့အခြေခံအပေါ်မှာ ကျနော်တို့ဟာ တကသ အဆောက်အဦးကို ပြန်လည်ဆောက်ပေးဖို့ ကျနော်တို့ တောင်းဆိုတယ်။

ဒါ့အပြင် ကျနော်တို့ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တွေတင်မဟုတ်ဘူး။ အခုခေတ်မှာ ပေါ်ပေါက်လာတဲ့ တက္ကသိုလ်ပေါင်း ၁၇၀ လောက်ရှိတယ်။ အဲ့ဒီ့တက္ကသိုလ်တွေမှာလည်း တကသ အဆောက်အဦးမြေနေရာ၊ ဒါမှမဟုတ် တကသ ရုံးခန်းတွေကို ကျနော်တို့ တရားဝင်ခွင့်ပြုပေးဖို့ပေါ့ ခွဲခြားမှုမရှိပဲ တရားဝင် ခွင့်ပြုပေးဖို့ တောင်းဆိုတယ်။ နောက်ပြီးတော့ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့်၊ စည်းရုံးခွင့် ရအောင် ဥပဒေအရပြဋ္ဌာန်းပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်။"

NLD အစိုးရသစ်လက်ထက်မှာ ကျောင်းသားသမဂ္ဂတွေအနေနဲ့ ပိုပြီး လွတ်လပ်စွာ လှုပ်ရှားလာနိုင်တယ်ဆိုပေမယ့်လည်း၊ အချို့နေရာတွေမှာတော့ အကန့်အသတ်တွေ ရှိနေသေးတယ်လို့လည်း ကိုမိုးထက်နေက ပြောပါတယ်။

" အဓိကအားဖြင့်ကတော့ ပေါ်လစီတွေက လုပ်တာမဟုတ်ပဲနဲ့ တစ်ကျောင်းချင်း ကျောင်းအုပ်ကြီးတွေရဲ့ ဆုံးဖြတ်ချက်အရ လုပ်နေတာပေါ့လေ။ အဲ့တာ တော်တော်ပြဿနာကြီးပါတယ်။ တချို့ကျောင်းတွေမှာ သမဂ္ဂရုံးခန်းတွေ ရတယ်။ ရွေးကောက်ပွဲကျင်းပခွင့်ပေးမယ်ဆိုတဲ့ ကတိကဝတ်တွေ ရပေမဲ့ တချို့ကျောင်းတွေမှာ ဒီကနေ့ ဒီအချိန်အထိ သမဂ္ဂရဲ့ လှုပ်ရှားခွင့်တွေကို အသိအမှတ်မပြုပဲ မျက်ကွယ်ပြုထားတုန်းဖြစ်နေတယ်ပေါ့လေ။ အဲ့ဒီ့ဟာက ကျနော်တို့အမြင်ပေါ့လေ ဥပဒေအရ မပြဋ္ဌာန်းပေး ထားလို့ဖြစ်တဲ့ပြဿနာတွေလို့ မြင်တယ်။ အဲ့ဒီ့တော့ သမဂ္ဂဖွဲ့စည်းခွင့်ကို ဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းဖို့လိုမယ်လို့ထင်ပါတယ်။ "

သမဂ္ဂဟောင်းနေရာမှာ ပထမဆုံး ကျင်းပခွင့်ရတဲ့ ဇူလိုင် ၇ အခမ်းအနား (သတင်းမှတ်တမ်းပုံများ)

ဗကသကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ သမဂ္ဂနေရာဟောင်း မြေကွက်လပ်ထဲ ဝင်ရောက်ပြီး ဗိုလ်အောင်ကျော် ကျောက်တိုင်ရှေ့မှာ ၇ ဇူလိုင် အခမ်းအနားကို ကျင်းပနိုင်ခဲ့ကြပါတယ်။
1/9 ဗကသကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ သမဂ္ဂနေရာဟောင်း မြေကွက်လပ်ထဲ ဝင်ရောက်ပြီး ဗိုလ်အောင်ကျော် ကျောက်တိုင်ရှေ့မှာ ၇ ဇူလိုင် အခမ်းအနားကို ကျင်းပနိုင်ခဲ့ကြပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
ဇူလိုင် ၇ အခမ်းအနား သမဂ္ဂဟောင်းနေရာမှာ ပထမဆုံးအကြိမ် ကျင်းပခွင့်ရ
2/9 ဇူလိုင် ၇ အခမ်းအနား သမဂ္ဂဟောင်းနေရာမှာ ပထမဆုံးအကြိမ် ကျင်းပခွင့်ရ
အသေးစိတ် ဖတ်ရှုရန် Show less
ဇူလိုင် ၇ အခမ်းအနား သမဂ္ဂဟောင်းနေရာမှာ ပထမဆုံးအကြိမ် ကျင်းပခွင့်ရ
3/9 ဇူလိုင် ၇ အခမ်းအနား သမဂ္ဂဟောင်းနေရာမှာ ပထမဆုံးအကြိမ် ကျင်းပခွင့်ရ
အသေးစိတ် ဖတ်ရှုရန် Show less
ဗကသကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ သမဂ္ဂနေရာဟောင်း မြေကွက်လပ်ထဲ ဝင်ရောက်ပြီး ဗိုလ်အောင်ကျော် ကျောက်တိုင်ရှေ့မှာ ၇ ဇူလိုင် အခမ်းအနားကို ကျင်းပနိုင်ခဲ့ကြပါတယ်။
4/9 ဗကသကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ သမဂ္ဂနေရာဟောင်း မြေကွက်လပ်ထဲ ဝင်ရောက်ပြီး ဗိုလ်အောင်ကျော် ကျောက်တိုင်ရှေ့မှာ ၇ ဇူလိုင် အခမ်းအနားကို ကျင်းပနိုင်ခဲ့ကြပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
ဗကသကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ သမဂ္ဂနေရာဟောင်း မြေကွက်လပ်ထဲ ဝင်ရောက်ပြီး ဗိုလ်အောင်ကျော် ကျောက်တိုင်ရှေ့မှာ ၇ ဇူလိုင် အခမ်းအနားကို ကျင်းပနိုင်ခဲ့ကြပါတယ်။
5/9 ဗကသကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ သမဂ္ဂနေရာဟောင်း မြေကွက်လပ်ထဲ ဝင်ရောက်ပြီး ဗိုလ်အောင်ကျော် ကျောက်တိုင်ရှေ့မှာ ၇ ဇူလိုင် အခမ်းအနားကို ကျင်းပနိုင်ခဲ့ကြပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
ဗကသကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ သမဂ္ဂနေရာဟောင်း မြေကွက်လပ်ထဲ ဝင်ရောက်ပြီး ဗိုလ်အောင်ကျော် ကျောက်တိုင်ရှေ့မှာ ၇ ဇူလိုင် အခမ်းအနားကို ကျင်းပနိုင်ခဲ့ကြပါတယ်။
6/9 ဗကသကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ သမဂ္ဂနေရာဟောင်း မြေကွက်လပ်ထဲ ဝင်ရောက်ပြီး ဗိုလ်အောင်ကျော် ကျောက်တိုင်ရှေ့မှာ ၇ ဇူလိုင် အခမ်းအနားကို ကျင်းပနိုင်ခဲ့ကြပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
ဗကသကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ သမဂ္ဂနေရာဟောင်း မြေကွက်လပ်ထဲ ဝင်ရောက်ပြီး ဗိုလ်အောင်ကျော် ကျောက်တိုင်ရှေ့မှာ ၇ ဇူလိုင် အခမ်းအနားကို ကျင်းပနိုင်ခဲ့ကြပါတယ်။
7/9 ဗကသကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ သမဂ္ဂနေရာဟောင်း မြေကွက်လပ်ထဲ ဝင်ရောက်ပြီး ဗိုလ်အောင်ကျော် ကျောက်တိုင်ရှေ့မှာ ၇ ဇူလိုင် အခမ်းအနားကို ကျင်းပနိုင်ခဲ့ကြပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
ဗကသကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ သမဂ္ဂနေရာဟောင်း မြေကွက်လပ်ထဲ ဝင်ရောက်ပြီး ဗိုလ်အောင်ကျော် ကျောက်တိုင်ရှေ့မှာ ၇ ဇူလိုင် အခမ်းအနားကို ကျင်းပနိုင်ခဲ့ကြပါတယ်။
8/9 ဗကသကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ သမဂ္ဂနေရာဟောင်း မြေကွက်လပ်ထဲ ဝင်ရောက်ပြီး ဗိုလ်အောင်ကျော် ကျောက်တိုင်ရှေ့မှာ ၇ ဇူလိုင် အခမ်းအနားကို ကျင်းပနိုင်ခဲ့ကြပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
9/9
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

ဗကသများအဖွဲ့ချုပ်က ဦးဆောင်ပြုလုပ်တဲ့ ဒီနေ့ ချီတက်ပွဲနဲ့ ၇ ဇူလိုင် အခမ်းအနားတွေ ကျင်းပဖို့အတွက် အာဏာပိုင်တွေဆီက သီးခြားခွင့်ပြုချက် တောင်းခံတာမျိုးမရှိခဲ့ဘူးလို့သိရပါတယ်။ ဒါပေမယ့်လည်း ချီတက်တဲ့လမ်းတလျှောက်မှာရော အခမ်းအနား ကျင်းပရာနေရာမှာပါ ဘာအနှောက်အယှက် အတားအဆီးကိုမှ မတွေ့ရပါဘူး။

ညနေပိုင်းမှာတော့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တကသ က ဦးစီးပြီးတော့ အလားတူ ချီတက်ပွဲနဲ့ ၇ ဇူလိုင်အခမ်းအနားကို ရန်ကုန်တက္ကသိုလ် သမဂ္ဂမြေနေရာမှာပဲ သီးခြား ထပ်မံ ပြုလုပ်ခဲ့ပါတယ်။

ဇူလိုင် ၇ အခမ်းအနား သမဂ္ဂဟောင်းနေရာမှာ ပထမဆုံးအကြိမ် ကျင်းပခွင့်ရ
please wait

No media source currently available

0:00 0:02:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG