သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဟာဗျူဟာကျတဲ့ Manbij မြို့က စစ်သွေးကြွတွေ နှိမ်နင်းနိုင်ပြီ


ဆီးရီးယားနိုင်ငံ အလက်ပိုပြည်နယ်က အာရပ်လူမျိုး အများစုနေထိုင်ရာ Manbij ။
ဆီးရီးယားနိုင်ငံ အလက်ပိုပြည်နယ်က အာရပ်လူမျိုး အများစုနေထိုင်ရာ Manbij ။

IS စစ်သွေးကြွအဖွဲ့ကို ဆီးရီးယားနိုင်ငံမြောက်ပိုင်း သူတို့ရဲ့အမာခံစခန်းတခုကနေ တိုက်ထုတ်ခဲ့ပြီးနောက် အမေရိကန်ကျောထောက်နောက်ခံ ပေးထားတဲ့ တပ်ဖွဲ့တွေ ဟာ စစ်သွေးကြွတွေရဲ့ အဓိက ထောက်ပံ့ရေးလမ်းကြောင်းတွေဖြစ်တဲ့ နယ်စပ်မြို့တွေရှိ IS တွေကို ဆက်လက် နှိမ်နင်းဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

ဆီးရီးယားဒီမိုကရက်တစ်အင်အားစု (SDF) နဲ့ ဆက်နွယ်တဲ့ အုပ်စုတွေ၊ အမေရိကန်ကျောထောက်နောက်ခံပြုထားတဲ့ ကာဒ့်နဲ့ အာရပ် မဟာမိတ် တပ်ဖွဲ့တွေဟာ - ဆီးရီးယားနိုင်ငံ အလက်ပိုပြည်နယ်က အာရပ်လူမျိုး အများစုနေထိုင်ရာ Manbij ကို ထိန်းချုပ် လိုက်ကြောင်း သောကြာနေ့မှာပဲ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

မန်ဘစ်ဂျ်မြို့ စစ်ဆင်ရေးကိုတော့ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်း တပ်ဖွဲ့တွေရဲ့ လေကြောင်းထိုးစစ်တွေနဲ့အတူ - IS အစွန်းရောက်အဖွဲ့ ချေမှုန်းရေး ဇွန်လမှာပဲ ပူးပေါင်းတပ်ဖွဲ့တွေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ညွန့်ပေါင်း တပ်ဖွဲ့တွေက လေကြောင်းစစ်ဆင်ရေး အကြိမ် ၅၀၀ ကျော်လောက် ဆင်နွှဲခဲ့ကြပြီး - ဒေသခံ တိုက်ခိုက်ရေးသမားတွေ ရှေ့တက်နိုင်အောင်လည်း လမ်းဖွင့်ပေး ခဲ့ကြတာ ဖြစ်ပါတယ်။

အခုအခါ Manbij မြို့ကို အပြည့်အ၀ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းလည်း SDF အဖွဲ့ ပြောခွင့်ရသူ Shervan Derwish က ပြောပါတယ်။ IS အစွန်းရောက် တပ်ဖွဲ့တွေက ထိုးစစ်နှောင့်နှေးအောင်လို့ မြို့တွင်းမှာ ဖျက်ဆီးဟန့်တားမှုတွေ လုပ်ခဲ့ပေမဲ့ - သူတို့တပ်ဖွဲ့တွေက နယ်မြေတခုလုံးကို သိမ်းပိုက်နိုင်ခဲ့ကြောင်းလည်း - သူက ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG