ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းက လယ်သမားတချို့ဟာ သစ်တောရေးရာ ဦးစီးဌာနပိုင် သစ်တောကြိုးဝိုင်းအတွင်း စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အနဲဆုံး လယ်သမား ၉ ဦးကို ဖမ်းဆီး အရေးယူထားတယ်လို့ ဧရာဝတီတိုင်း တောင်သူလယ်သမား သမဂ္ဂ တာဝန် ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့် ဖမ်းဆီးခံထားရသူတွေဟာ အဲဒီ ဒေသမှာ နှစ်ကာလ ရှည်ကြာစွာ ဓါးမဦးချ လုပ်ကိုင်နေကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ လပွတ္တာမြို့နယ်အတွင်းက လယ်သမားတွေ ဖမ်းဆီးခံထားရတဲ့ အခြေအနေတွေကို ဧရာဝတီတိုင်း တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးအောင်မိုးဝင်းကို ဆက်သွယ် မေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။